Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
05 Jun 2025

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

05 Jun 2025

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံ မျိုးစုံ ဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုတ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ဂေါ်ရခါး သီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းငရုတ်ပွသီးကို မန္တလေးမြို့မှ မှာယူရောင်း ချကြောင်း သိရသည်။

05 Jun 2025

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ကုန်စိမ်းသီးနှံဖြစ်သည့် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက် ရှိရာ ပန်းဂေါ်ဖီပွင့်ကို ကျွန်းလှမြို့နယ်အတွင်း ထွက်ရှိသည့် ဒေသထွက်များနှင့် မန္တလေးမြို့ ၊ ရှမ်းပြည် နယ် တို့မှ မှာယူရောင်းချကြောင်း သိရသည်။

05 Jun 2025

        ယခုမိုးဦးရာသီချိန်တွင် နေပူပြီး မိုးပြိုင်ပြိုင်ရွာချချိန်၌ တောင်ပို့မှိုများလှိုင်လှိုင်ထွက်ရှိလျက်ရှိရာ ချောင်းဆုံမြို့နယ်ရှိ ကတောင်စိန်ကျေးရွာနှင့် အချို့ကျေးရွာများမှ တောင်သူများသည် တောထဲ၌ သဘာဝပေါက်ရောက်သည့် တောင်ပို့မှိုများရှာဖွေရောင်းချခြင်းဖြင့် ဝင်ငွေကောင်းလျက်ရှိသည်။

05 Jun 2025

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်မျိုးစုံဆိုင်များ ရောင်းချလျက်ရှိရာမှ မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဆန်လှော်မ‌ရွေးကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ဆန်လှော်မရွေးကိူ ‌ဒေသ ထွက်အစားအစာအဖြစ်  သဘာဝဆန်ကြမ်းဖြင့် ပြုလုပ်ပြီး ထန်းလျက်‌‌ရေ ၊ ကြံသကာရေ ‌လောင်းထား‌ သော ဆန်လှော်မရွေးဖြစ်ပါသည်။

Pages