
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အတွင်း စပါး/ဆန် သိုလှောင် ထားရှိသူများ ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့် ၈၂/၂၀၂၄ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ်. စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျောက်ထားရန် ထုတ်ပြန်ခဲ့ပြီး သိုလှောင်ထားရှိသူလုပ်ငန်းရှင်များမှာ myro တွင်မှတ်ပုံတင်ထားရှိပြီး ညောင်တုန်းမြို့နယ်အနေဖြင့် ၇၈ လုံး သိုလှောင်ရုံ မှတ်ပုံတင်ထားရှိပြီး ဖြစ်ပါသည်။
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင် ထားရှိရာ လုပ်ငန်း များတွင် စပါး ဆန် လက်ကျန်စာရင်းများကို လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန် ဖြည့်သွင်းရေး အခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ် ဆောင်ရွက် လျက်ရှိပြီး စာရင်း ကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရာအဖွဲ့အစည်းများဖြင့် မြေပြင် ကွင်ဆင်းအမှန်တကယ် သိုလှောင်မှုအခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ညောင်တုန်းမြို့နယ် ဒီဇင်ဘာလ (၃၁) နေ့နောက်ဆုံး ဆန်/စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၉၉၁၉၀၂တင်း၊ ဆန်အနေဖြင့် ၄၅၂၇အိတ်၊ ကုန်သည် စပါးတင်း ၁၁၆၁၆၅၊ ဆန်အနေဖြင့်၊ ၁၁၈၁၃အိတ်၊ ဆန်စက်ပိုင်ရှင် စပါးသိုလှောင် တင်း ၆၄၁၆၁၀၊ ဆန်အနေဖြင့် ၆၉၂၁၀၆အိတ်၊ ဆန်ဆိုင်များမှ ၇၃၆၅အိတ်၊ စုစုပေါင်း စပါးတင်း ၁၇၄၉၆၇၇၊ ဆန် ၇၁၅၈၁၁ အိတ် MyRo တွင် ဖြည့်သွင်းဆောင်ရွက်ရှိကြောင်း နှင့် မြို့နယ် နယ်မြေ လုပ်ငန်းရှင်များမှ သိုလှောင်မှု မြေပြင်လက်ကျန်စာရင်းဖြစ်ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
