ကုန်သွယ်မှုသတင်းများ
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံဖြစ်သည့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ မုံညှင်းထုတ်ကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်းသိရ သည်။

မေလ (တတိယ) ပတ်တွင် စစ်ကိုင်းတိုင်း ဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီး ထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၉၁၅၀၊ မန္တလေး သို့ အိတ်ရေ ၃၈၃၄၄၊ နေပြည်တော်သို့ အိတ်ရေ ၇၄၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၄၅၅၀၊ ကျောက်ပတောင်းသို့ အိတ်ရေ ၄၈၀၊ မိတ္ထီလာသို့ အိတ်ရေ ၁၃၈၀၊ တောင်ငူသို့ အိတ်ရေ ၃၅၀၀၊ ပဲခူးသို့အိတ်ရေ ၆၆၁၅၊ ဘားအံသို့ အိတ်ရေ ၂၂၃၀၊ ကချင် သို့ အိတ်ရေ ၃၀၇၀၊ မွန် သို့ အိတ်ရေ ၁၂၂၃၀၊ ပြည်သို့ အိတ်ရေ ၁၂၄၀၊ ဧရာဝတီသို့ အိတ်ရေ ၁၅၅၊ မကွးသို့ အိတ်ရေ ၁၅၉၉၊ မူဆယ်သို့ အိတ်ရေ

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံဖြစ်သည့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက် ရှိရာ ရွှေပဲသီးကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့ ၊ ရှမ်းပြည်နယ် တို့မှ မှာယူရောင်းချကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးရံ့ခြောက်ဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် ရေဦးမြို့နယ်မှ ဒေသထွက် ပေါက်ပေါက် ဆုတ်များ စတင်ရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။
