Main menu

ညောင်တုန်းမြို့နယ်၌ နေလှန်းဆားများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်လျက်ရှိ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး  ညောင်တုန်းမြို့နယ်၌  ဒေသထွက်နေလှန်းဆားများ ဝယ်လိုအား ကောင်းပြီး  အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း၊ ညောင်တုန်းမြို့နယ်၌  ယခုနှစ် ဩဂုတ်လမှ စ၍ ၂၀၂၆ ဇန်နဝါရီလ  လက်ရှိအချိန်ထိ နေလှန်းဆားများ  အရောင်းအဝယ်ကောင်းမွန်နေကြောင်းသိရသည်။ ငါးပိ၊ ငါးခြောက်ပြုလုပ်ချိန်ဖြစ်၍ လတ်တလောတစ်ရက်ကို နေလှန်းဆားပိဿာ ၄၀၀၀ ကနေ ၅၅၀၀ အထိ အရောင်းအဝယ်ဖြစ်နေကြောင်း၊  ဆားထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိပြီး အဆင်ပြေလျှက်ရှိကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်၌ ဒေသထွက် နေလှန်းဆားများ ကို    ဆားလုပ်ငန်းရှင်များက  စနစ်တကျထုတ်လုပ်ပြီး  ရန်ကုန်ဈေးကွက်သို့ အဓိကထားတင်ပို့ ရောင်းချလျက်ရှိ ကြောင်း၊ တင်ပို့မှုအနေဖြင့် ၁လလျှင် ဆားပိဿာ ၁၂၀၀၀၀ ပိသာ ထွက်ရှိတင်ပို့ကြောင်း သိရသည်။  လက်ကားရောင်းချမှုအနေဖြင့် နေလှန်းဆား ၁ပိဿာလျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ညောင်တုန်းမြို့နယ် ရွှေဇီးကွက် နေလှန်းဆားစက် ဆားသန့်စင်စက်မှ နှစ်စဉ် နေလှန်းဆားပြုလုပ်၍ ရောင်းချကြောင်းဒေသ တွင်းအလုပ်အကိုင်အခွင့်အလမ်းရရှိရန် ဆောင်ရွက်လျက်ရှိကြောင်းသိရပြီး၊  အဆိုပါဒေသထွက် နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ငံပြာရည်စသည့် လုပ်ငန်းများတွင် အဓိက အသုံးပြုကြကြောင်း သိရသည်။    

DOCA(ဧရာဝတီ)