ကုန်သွယ်မှုသတင်းများ
မိုးဦးကျချိန်တွင် အင်တောများ၌ပေါက်ရောက်သောမှိုတစ်မျိုး(သို့)အင်ဥများသည် ပေါ်ဦးပေါ်ဖျားအချိန်၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဈေးကွက်အတွင်း ဈေးကောင်းရနေကြောင်းသိရပါသည်။ အင်ဥနို့ဆီဘူးတစ်ဘူးလျှင် ကျပ်(၃၀၀၀)မှ(၇၀၀၀)ထိ ရောင်းချနေကြောင်းသိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ မေလ (တတိယပတ်) တွင် ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၆၂၀၀၊ မန္တလေးသို့ အိတ်ရေ ၃၂၃၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၃၀၀၀၊ မွန်သို့ အိတ်ရေ ၂၄၀၀၊ ကချင်သို့ အိတ်ရေ ၆၀၃၀၊ ပခုက္ကူသို့ အိတ်ရေ ၃၀၀၀၊ စုစုပေါင်းအိတ်ရေ (၇၇၄၃၀) အိတ်၊ တန်အားဖြင့် (၃၈၇၁) တန်စီးထွက်ခဲ့ပြီး ယခု မေလ (စတုတ္ထပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၃၀၀၀၀၊ မန္တလ

ကသာမြို့နယ်သည် ဧရာဝတီမြစ်ဝှမ်းလွင်ပြင်ပေါများသောကြောင့် ဥယျာဉ်ခြံမြေများနှင့် လယ်ယာကိုင်းကျွန်းများတွင် မီးဖိုချောင်သုံးသီးနှံများ စိုက်ပျိုးမှုများပြားပြီး ဆန်စပါး စိုက်ပျိုးမှုနည်းပါးသည်ကိုတွေ့ရသည်။ ဆန်စပါးနှင့်ပတ်သက်၍ မြို့နယ်လူဦးရေစားသုံးမှုနှင့်တွက်ချက်ပါက ဆန်လိုဒေသဖြစ်ကြောင်းသိရပြီး ဆန်ပိုဒေသဖြစ်သော ခရိုင်တွင်းမြို့နယ်များဖြစ်သည့် အင်းတော်မြို့ နယ်၊ ဗန်းမောက်မြို့နယ်နှင့် မော်လူးမြို့နယ်တို့မှ တင်သွင်းရကြောင်းသိရပါသည်။

၂၀၂၄ ခုနှစ်၊ မေလ နောက်ဆုံးအပတ်သည် သီးနှံများတောင်သူလက်ကျန်ပါးချိန်ဖြစ်သဖြင့် အောက်မြန်မာပြည်ဈေးကွက်တွင် လိုအပ်ချက်မြင့်မားနေပြီး သီးနှံမျိုးစုံဈေးမြင့်လျက်ရှိပါသည်။ ရောင်းသူဝယ်သူများဈေးနှုန်းမြင့်သဖြင့် အရင်ကထက်ကုန်ဖိုးနှစ်ဆခန့်ရင်းနှီးနေရပါသည်။ ပြောင်းသီးနှံမှာလဆန်းပိုင်းတွင် ၉၀၀-၉၁၀ကျပ်မှ ယခုတတိယပတ်နှင့်နောက်ဆုံးအပတ်တွင် ၁၁၁၅ကျပ်ထိဈေးမြင့်လာသော်လည်းတောင်သူလက်ကျန်နည်းချိန် လှောင်လက်များသာထုတ်ရောင်းနေသည့်အတွက် စီးဆင်းမှုပါးနေအုံးမည်ဖြစ်ပါသည်။

ရေးမြိုနယ်သည် မွန်ပြည်နယ်၏ တောင်ဘက်အစွန်းတွင်ရှိသောမြို့နယ်တစ်ခုဖြစ်သည်။ သီးစုံဥယျာဥ်ခြံများပေါများပြီး ဒူးရင်းသီးစိုက်မျိုးထုတ်လုပ်မှုတွင်လည်း အဓိကကျသော မြို့တစ်မြို့ဖြစ်သည်။ ရေးမြို့နယ်တွင် ဒူးရင်းသီး စိုက်ဧရိယာ(၂၃၄၄)ဧကရှိပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် (၂၄၇၈) လုံးထွက်ရှိရာ စုစုပေါင်းထွက်ရှိမှု (၅၈၀၈၄၃၂) လုံးထွက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရှိရသည်။
