ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ကုန်စိမ်း (ခေါ်) ဟင်းသီးဟင်းရွက်ဈေးတန်း၌ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များလည်း ရောင်းချလျက်ရှိသည်။ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များကို အိမ်ရှင်မများက အိမ်သုံးအတွက် ဝယ်ယူကြပြီး စားသောက်ဆိုင်များက ဓိကဝယ်ယူကြောင်းသိရှိရသည်။

၃၁.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ ၊ သစ်ရာမြိုင်ဈေးတွင် ကြက်တက်ရွက်ပြုတ်များ ပေါများစွာရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ကြက်တက်ရွက်မှာ မိုးဦးကျစ မေလတွင် စတင်ပေါက်ရောက်လေ့ရှိသော အရွက်တစ်မျိုးဖြစ်ရာ တောထဲသို့ သွားရောက်ခူးယူကြပြီး ရရှိလာသောအရွက်များကို နာရီဝက်ခန့်ကြာအောင် ရေဖြင့်ပြုတ်၍ အလေးချိန်ဖြင့်သော်လည်းကောင်း၊ လက်တစ်ဆုပ်စာအလုံးလေးများလုံး၍သော်လည်းကောင်း ဈေးထဲ၌ ရောင်းချကြပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်းလှမြို့နယ်တွင် အသားတိုးဝက်များမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် ဦးကျော်သူနှင့်သွားရောက်တွေ့ဆုံခဲ့ရာ ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ဒေသများ၌ မျိုးမြင့်ဝက်များဖြစ်သည့် လင်းဒရေစ့်၊ ပီယာထရိန်း ၊ ဂျူး စသည့်ဝက်ပေါက် တစ်လခွဲသားလေးများကို တစ်ကောင်လျှင် (၁)သိန်းကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် မေလ၏ တတိယအပတ်တွင် စပါး၊ ဆန် ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၄၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၈၅၀) အိတ်ခန့်၊ စုစုပေါင်း(၅၂၅၀) အိတ်ခန့်၊ တန်ချိန်အားဖြင့် (၂၅၀) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခု မေလ၏ နောက်ဆုံးအပတ်တွင် မော်လမြိုင်ခရိုင်သို့ (၃၆၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့်၊ စုစုပေါင်း(၅၆၀၀) အိတ်ခန့်၊ တ
