Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
31 May 2024

      ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မေလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံဈေးနှုန်းများမှာ ကုလားပဲဖြူလုံး ၁ပိဿာလျှင် ၄၂၅၀/-ကျပ်မှ ၄၄၂၀/-ကျပ်ထိလည်းကောင်း၊ ကုလားပဲဖြူလုံးကြီး ၁ပိဿာလျှင် ၄၄၁၅/-ကျပ်မှ ၄၅၈၅/-ကျပ်ထိလည်းကောင်း၊ စားတော်ပဲလုံး ၁ပိဿာလျှင် ၄၆၆၅/-ကျပ်မှ ၅၃၃၅/-ကျပ်ထိ လည်းကောင်း၊ ပဲတီစိမ်း ပခုက္ကူ(သစ်) ၁ပိဿာလျှင် ၃၀၀၀/-ကျပ်မှ ၃၃၃၅/-ကျပ်ထိလည်းကောင်း၊ ပဲတီစိမ်း ခရမ်းရွှေဝါ(ထိပ်စ) ၁ပိဿာလျှင် ၃၈၈၀/-ကျပ်ဖြင့်လည်းကောင်း၊ ပဲတီစိမ်း ပဲခူးရွှေဝါ ၁ပိဿ

31 May 2024

၃၁.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

31 May 2024

    ၂၀၂၄ခုနှစ်၊ မေလ၂၃ရက်နေ့မှ ဇွန်လ၂ရက်နေ့အထိ ကျောင်းအပ်နှံရေးသတင်းပတ်အဖြစ် ကြေငြာထားပြီးဖြစ်သဖြင့် ပဲခူးမြို့ပေါ်ရှိ အဝတ်အထည်ဆိုင်များ၊ စတိုးဆိုင်များနှင့်စာရေးကိရိယာဆိုင်များတွင် ကျောင်းသုံးပစ္စည်းနှင့်အဝတ်အထည်များ၊ ကျောင်းစိမ်းအင်္ကျီ(အဖြူ၊အစိမ်း)များမှာ ယခင်နှစ်ထက် ပို၍အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရသည်။ ယခုအခါသည် မိုးဦးကာလစတင်သည့်အချိန်ဖြစ်၍ ထီး၊ မိုးကာ၊ ဖိနပ်စသည့်ပစ္စည်းများလည်း ယခင်နှစ်ကထက် ပိုမိုအရောင်းအဝယ်သွက်ကြောင်း သိရှိရပါသည်။

31 May 2024

   ယခုရာသီအချိန်တွင် လိုင်ချီးသီးများလှိုင်လှိုင်ပေါ်နေသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်များဖြစ်လျက်ရှိပြီး လိုင်ချီးသီးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်သာမက မြန်မာပြည်အနှံ့အပြားတွင်လည်း စိုက်ပျိုးထွက်ရှိကြောင်းသိရှိရပါသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ်များတွင် လိုင်ချီးသီးကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး နောင်မွန်ကျေးရွာမှ ထွက်ရှိသော လိုင်ချီးသီးများသည် အလုံးကြီးပြီးချိုသောကြောင့် လူကြိုက်များပြီး အရောင်းအဝယ်သွက်ကြောင်း သိရှိရပါသည်။

31 May 2024

    ယခုလို မိုးဦးကာလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ရာသီပေါ်အစားအစာ တစ်မျိုးဖြစ်သည့် အင်ဥများ စတင်ထွက်ရှိနေပြီဖြစ်ပါတယ်။ အင်ဥလို့ ဆိုသည့်အတိုင်း အင်ပင်၏ အမြစ်များရှိရာ မြေပေါ်တွင် ပေါက်ရောက်ပြီး မှိုအမျိုးအစားတွင်ပါဝင်သည့်အတွက် မှိုဥလို့လည်း ခေါ်ကြပြန်ပါသေးတယ်။ ရှာဖွေသူများသည် အင်ဥနုနုလေးတွေ များများရဖို့အတွက် မိုးလေဝသ အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေနဲ့ မိမိတို့ရဲ့ကျွမ်းကျင်မှုများကိုပေါင်းစပ်ကာ ရှာဖွေကြ ကြောင်း ၊ စားသုံးသူများမှလည်း အင်ဥကို ကင်၍လည်းကောင်း၊ ကြော်၍လည်းကောင်း၊ ချ

Pages