Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
31 May 2024

    တောင်ငူမြို့တွင် ယခုလဆန်းပိုင်းက ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင်၁၅၅၀၀၀ကျပ်ရှိရာမှ မေလနောက်ဆုံးအပတ်တွင် တစ်အိတ်လျှင်၁၆၀၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင်၁၄၀၀၀၀ကျပ်မှ ယခုအပတ်တွင် ၁၅၀၀၀၀ကျပ်အထိ၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်မှ မေလနောက်ဆုံးအပတ်တွင် ၁၂၅၀၀၀ ကျပ်အထိဖြင့်ဈေးတက်ခဲ့ပြီး ဧည့်မထ(မိုး) တစ်အိတ်လျှင် ၈၇၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်၊ ဧည့်မထ(နွေ)ဆန်မှာ တစ်အိတ်လျှင် ၇၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

31 May 2024

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ မန်းသံပုရာကန်ကျေးရွာအုပ်စုရှိ ရွာတော်ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး ပဲ၊ နှမ်း၊ နေကြာ၊ ဝါသီးနှံများအပြင် အခြားမီးဖိုချောင်သုံးသီးနှံများကို စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

31 May 2024

    ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ပြင်စီဈေးအတွင်း မေလနောက်ဆုံးပတ်၌ ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ မေလဒုတိယပတ်တွင် ခရမ်းချဉ်သီးတစ်ပိဿာလျှင်(၃၀၀၀)ကျပ်နှင့် ယခုမေလနောက်ဆုံးပတ်တွင်(၄၀၀၀)ကျပ်ဖြစ်ကာ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ယခုမေလနောက်ဆုံးပတ်တွင်ဂေါ်ရခါးသီးတစ်လုံးလျှင်(၃၅၀)ကျပ်၊ ပန်းဂေါ်ဖီအကြီးတစ်ပွင့်လျှင်(၁၈၀၀)ကျပ်၊ ပန်းဂေါ်ဖီအသေးတစ်ပွင့်လျှင်(၁၅၀၀)ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင်(၃၀၀)ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် (၃၀၀)ကျပ်၊ ဂျင်းတစ်ပိဿာလျှင် (၁၂၀၀၀) ကျ

31 May 2024

   ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ပြင်စီဈေးတွင်ရောင်းချလျက်ရှိသော ကြက်သွန်နီစျေးနှုန်းမှာ မေလတွင် စျေးအနည်းငယ်တက်နေကြောင်းသိရှိရပါသည်။မေလပထမပတ်တွင် ကြက်သွန်နီစျေးနှုန်းမှာ(၂၈၀၀)ကျပ်ဖြစ်ပြီး မေလနောက်ဆုံးပတ်တွင်(၃၀၀၀)ကျပ်အထိ အနည်းငယ်မြင့်တက်လာသည်ကိုသိရှိရပါသည်။ မိုးရာသီတွင် ကြက်သွန်နီကိုစားသုံးသူများအနေဖြင့် သိုလှောင်ရန်ဝယ်ယူခြင်းများရှိသည့်အတွက် စျေးနှုန်းများအနည်းငယ်မြင့်တက်လာသည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

31 May 2024

      မင်္ဂလာဒုံမြို့နယ်ရှိ ရတနာသီရိဈေးအတွင်းသို့ ၂၀၂၄ခုနှစ်၊ မေလ (၂၂)ရက်နေ့မှ မေလ(၂၈) ရက်နေ့အထိ တပ်ကုန်း၊ ရွှေတောင်၊ ဝက်ပုတ်၊ ပုတီးကုန်း၊ အောင်ပန်း၊ မင်းလှ၊ နတ်တလင်း၊ ကြို့ပင်ကောက်နှင့် ခရမ်းသုံးခွတို့မှ ဟင်းသီးဟင်းရွက်များ ဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ဂေါ်ဖီတစ်ထုပ်လျှင် ကျပ်၁၅၅၀မှ  ကျပ်၃၅၀၀၊ ဂေါ်ရခါးသီးတစ်လုံးလျှင် ကျပ်၂၀၀မှ  ကျပ်၃၀၀၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ်၁၄၀၀မှ ကျပ်၄၀၀၀၊ ပန်းဂေါ်ဖီတစ်ထုပ်လျှင် ကျပ်၁၅၀၀မှ ကျပ်၂၀၀၀

Pages