Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
18 Aug 2023

    ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ပွဲရုံများတွင် ယခုဩဂုတ်လ (ဒုတိယပတ်)တွင် ရောင်းဝယ်နေသောမတ်ပဲဈေးနှုန်းများမှာ ပိဿာ(၂၀)တစ်တင်းလျှင် (၇၅၅၀၀) ကျပ်ဈေးဖြစ်သဖြင့် ယခုဇူလိုင်လ (တတိယပတ်)ဈေးနှုန်းဖြင့်နှိုင်းယှဉ်ပါက ဈေးနှုန်းပြန်လည်မြင့်တက်လာသည်ကို တွေ့ရပါသည်။

18 Aug 2023

   နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အခြေခံလူတန်းစားများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် အပတ်စဉ်သောကြာနေ့တိုင်း အခြေခံစားကုန်များကိုရောင်းချပေးလျက်ရှိပါသည်။ ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စာသုံးသူရေးရာဦးစီးဌာနတို့မှ  ပူးပေါင်းစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ ပေါင်းတည်မြို့နယ် ဘုရားကြီးလမ်းတွင်ယခု ဩဂုတ်လတွင် ရောင်းချပေးနေသော အခြေခံစားကုန်များနှင့် ဈေးနှုန်းများမှာ  ဆန်တစ်ပြည် (၂၅၀၀

18 Aug 2023

    မြန်မာနိုင်ငံတွင် ခရမ်းချဉ်ပင်ကို နေရာအနှံအပြားတွင်စိုက်ပျိုးကြပါသည်။ ပြည်ခရိုင်အနေဖြင့် ခရမ်းချဉ်ကို မိုးရာသီတွင် စိုက်ပျိုးခြင်းမရှိဘဲ၊ ဆောင်းရာသီတွင်သာ စိုက်ပျိုးကြပါသည်။ မြန်မာဟင်းအမျိုးမျိုးချက်ပြုတ်ရာတွင် ထည့်သွင်း၍ ချက်ပြုတ်ကြပါသည်။ ခရမ်းချဉ်သီးကို ဟင်းလိမ်မာသီးဟူ၍လည်း ခေါ်ဆိုကြပါသည်။

18 Aug 2023

   ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ဒေါင်းမြတ်နားအုပ်စု၊ မြောင်ရှည်ကျေးရွာတွင် "ထက်ကောင်းမွန် "တံဆိပ်ဖြင့် ပဲကြော်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ရောင်းဝယ် ဖောက်ကားလျက်ရှိသဖြင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သန်းသန်းအေး နှင့် ဝန်ထမ်းများအဖွဲ့သည် (၁၁.၈.၂၀၂၃)နေ့ နံနက် (၁၀:၀၀)အချိန်တွင် သွားရောက်၍ ပဲကြော်ဈေးနှုန်း၊ ဈေးကွက် အခြေအနေကို ဆွေးနွေးခဲ့ပါသည်။

18 Aug 2023

    မြန်မာနိုင်ငံရှိ ကျေးလက်ဒေသအချို့တွင် တစောင်းပင်ကို ခြံစည်းရိုးအပင်အဖြစ် စိုက်ပျိုးကြပါသည်။ ထိုတစောင်းပင်မှ ထွက်ရှိလာသောတစောင်းဖူးသည် ကြာဖူးနှင့်ဆင်သဖြင့် တချို့က ပဒုမ္မာဖူး၊ ရွှေကြာဖူးဟူ၍ခေါ်ဆိုကြပါသည်။ တစောင်းဖူးကို မိုးရာသီတွင်သာဖူးကြသဖြင့် ရာသီစာအဖူးတစ်မျိုး ဖြစ်ပါသည်။ ထိုတစောင်းဖူးကို အချို့ကအရံဟင်းတစ်ခွက်အဖြစ်ကြော်၍ အဆင်ပြေ သလိုချက်၍လည်း စားသောက်ကြပါသည်။ အရသာမှာ မှိုအရသာကို ချိုသောအရသာရှိပါသည်။ တစောင်းဖူးကိုချက်ပြုတ်၍ စားသုံးပေးခြင်းဖြင့် ဆီးချိုရောဂါကို ကာကွယ်ပေး

Pages