ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဘုရားနှစ်ဆူကျေးရွာမှ တောင်သူလယ်သမားများသည် မိုးစပါးပြီး၍ ခပေါင်းဆည်ရေကိုအသုံးပြုကာ နွေစပါးများကိုလည်းသီးထပ်စိုက်ပျိုးကြပါသည်။ ခပေါင်းဆည်ရေသွင်းမြောင်းလက်တက်မှ ရေသွင်း၍မရသည့်လယ်သမားအချို့သည် မြောင်းလက်တက်မှရေများကို ရေတင်စက်ဖြင့်တင်၍ စိုက်ပျိုးကြပါသည်။

သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိတောင်သူများသည် ဥယျာဉ်ခြံလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများအပြင် တောင်ယာလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်ကြသည်။ ယခုမိုးဦးကျကာလတွင် တောင်ယာခင်းများ၌ နနွင်းများစတင်စိုက်ပျိုးနေပြီဖြစ်ကြောင်းသိရှိရပါသည်။

ပုသိမ်ခရိုင် ဆန်စပါးဈေးကွက်တွင် ယခင်ဧပြီလအတွင်း ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတောမြို့နယ်များတွင် ပေါ်ဆန်းစပါး၄၆ပေါင် ၁တင်းလျှင် ကျပ် ၃၀၀၀၀ ဝန်းကျင် ပေါ်ဆန်းဆန်တစ်အိတ်ကျပ် ၁၃၅၀၀၀ ဈေး ပုသိမ်၊ ကန်ကြီးထောင့်မြို့နယ်များတွင် မိုးဧည့်မထစပါး ၄၆ပေါင် ၁တင်း လျှင်၂၁၆၀၀ ဈေး ဆန်တစ်အိတ် ကျပ်၈၉၀၀၀ ဈေးနှင့် သာပေါင်း၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်း မြို့နယ်များတွင် မိုးဧည့်မထစပါး ၄၆ပေါင်၁တင်းကျပ် ၂၀၀၀၀ ဝန်းကျင် ဆန်တစ်အိတ်ကျပ် ၈၄၀၀၀/ ၈၅၀၀၀ ဈေးဖြင့် ရောင်းဝယ်လျက်ရှိပြီး ဈေးတန်းနိမ့

အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးရာညှိနှိုင်းဆောင်ရွက်မှုဝန်ကြီး Airlangga Hartarto သည် အင်ဒိုနီးရှားနိုင်ငံတွင်ထုတ်လုပ်သည့် တောင်ကိုရီးယားနိုင်ငံလုပ် လျှပ်စစ်ကားများအား အမေရိကန်ဈေးကွက်သို့တင်ပို့ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများတွင် တောင်ကိုရီးယားအစိုးရ၏ ပံ့ပိုးမှုကိုရရှိရန် တောင်းဆိုခဲ့သည်ဟုသိရပါသည်။ Hartarto သည် တောင်ကိုရီးယားနိုင်ငံ၏ စွမ်းအင်၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး Ahn Duk-geun နှင့် ၂၂-၅-၂၀၂၄ ရက်နေ့က Seaul မြို့ တွင် တွေ့ဆုံခဲ့ပါသည်။

ဖြူးမြို့ အဝေးပြေးမော်တော်ယာဉ်ရပ်နားစခန်းဝင်းအတွင်း မုန့်အရောင်းဆိုင်၌ မုန့်မျိုးစုံကြားတွင်စိတ်ကြိုက်အမှတ်တံဆိပ်ဖြင့် ထမင်းခြောက်ကြော်ဘူးလေးများကိုတွေ့ရှိရပါသည်။ ယာဉ်ရပ်နားစခန်းဝင်းရှိထမင်းဆိုင်များမှ ရောင်းမကုန်သည့်ထမင်းများအလဟဿမဖြစ်ရလေအောင် အခြောက်လှန်း၍ပြန်ကြော်ပြီး ခရီးသွားပြည်သူများ အဆာပြေစားနိုင်ရန်ရောင်းချခြင်းဖြစ်ကြောင်းသိရှိရပါသည်။
