Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
30 May 2024

သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင်ဧပြီလနောက်ဆုံးသီတင်းပတ်တွင် ဈေးနှုန်း မြင့်တက်လျက်ရှိပြီး ပိဿာ၂၀(၁တင်း)လျှင် ၁၀၂၁၀၀ကျပ်ဈေးနှုန်းဖြစ်ပြီး မေလပထမပတ် နှင့် မေလဒုတိယပတ်အတွင်းမှာတော့ ၁၀၀၃၀၀ ကျပ်ထိအနည်းငယ်ကျဆင်းလျက်ရှိပြီး မေလ နောက် ဆုံးပတ်အတွင်း၌ ပိဿာ ၂၀(၁တင်း)လျှင် ၁၀၄၆၀၀ကျပ်အထိ ပြန်လည်မြင့်တက်လာပြီး ဈေးနှုန်း များမှာ အတက်အကျ ဖြစ်နေလျက်ရှိပါသည်။

30 May 2024

၃၀.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

30 May 2024

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိက အစားအစာသည် ဖွဲနုများဖြစ်သည်။သာယာဝတီခရိုင်အတွင်းရှိ ဆန်စက်များ ကြိတ်ခွဲထုတ်လုပ်ရာမှ ထွက်ရှိသော ဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်း တိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိသလို အခြားသောစားသောက်ကုန်များအတွက်လည်း အသုံးပြုလျက်ရှိကြောင်းနှင့် အခြားသော တိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဧပြီလ နောက်ဆုံးပတ်တွင်ဖွဲနု တစ်ပေါင်လျှင် ၂၅၀ကျပ် ဈေးဖြင့် ဖွဲနု(၆၀)ပေါင်တ

30 May 2024

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့စည်ပင်သာယာဈေးတွင်ရှိသော ဂျင်းဈေးနှုန်းများမှာ ဧပြီလနောက်ဆုံးပတ်တွင် ဂျင်း ၁၀ကျပ်သားလျှင် ၈၀၀ကျပ်ရှိခဲ့ပြီး မေလ နောက်ဆုံးပတ်တွင်လည်း ၁၀၀၀ကျပ်ရှိနေပါသည်။ ဂျင်းဈေးနှုန်းမှာ အနည်းငယ်တက်လျက်ရှိနေပါသည်။

   ကြက်သွန်ဖြူဈေးနှုန်းများအနေဖြင့် ဧပြီလနောက်ဆုံးပတ်တွင် ကြက်သွန်ဖြူ (ကြူကုတ်) ၁၀ ကျပ်သားလျှင် ၁၆၀၀ကျပ်၊ မတ်လပထမပတ်/ဒုတိယပတ်/တတိယပတ်ထိ ဈေးနှုန်း အပြောင်းအလဲမရှိပဲ ဈေးငြိမ်နေပါသည်။

30 May 2024

       ယခုလို မိုးဦးကျ မေလလယ်ကာလတွင် သရက်ပင်များမှ သရက်သီးပင်မှည့်များ လှိုင်လှိုင်  ပေါ်နေပြီဖြစ်ပါသည်။၂၀၂၄ခုနှစ် မေလနောက်ဆုံးပတ်တွင် သဲကုန်းမြို့နယ်တွင် ရိုးရိုးသရက်သီးမှည့် တစ်လုံး ၁၅၀-ကျပ်မှ ၂၀၀-ကျပ် နှင့် စိန်တစ်လုံး သရက်သီးတစ်လုံးလျှင် ၄၀၀-ကျပ်ဈေးရှိပါသည်။ သရက်သီးအစိမ်းထက် အမှည့်ကဈေးပိုရသလို သရက်သီးကို တန်ဖိုးမြှင့်ထုတ်လုပ်ပါက    ထိုထက်ပို၍ အခွင့်အလမ်းနှင့် ဈေးကွက် ပိုမိုရရှိမည် ဖြစ်ပါသည်။

Pages