ကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံသည် ခရမ်းပင်များ စိုက်ပျိုးရန်သင့်တော်သော ရာသီဥတုဖြစ်၍ ခရမ်းပင်များကို နေရာအနှံ့အပြား၌ စိုက်ပျိုးကြပါသည်။ ခရမ်းမျိုးများမှာ များပြားပြီး ၎င်းတို့အနက်မှ အသုံးများ သောခရမ်းသီးများမှာ ခရမ်းရှည်၊ ခရမ်းပု၊ ခရမ်းကြွပ်၊ ခရမ်းကစော့တို့ဖြစ်ကြပါသည်။ ခရမ်းပင်ကို မိမိတို့အိမ်ခြံဝန်းထဲတွင် မိသားစု စားသုံးရန်အတွက်စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း စိုက်ပျိုးကြ ပါသည်။ ခရမ်းသီးကို ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများဖြစ်သော မှော်ဇာ၊ တောင်လုံးညိုနှင့် ခွေးရဲ ဘက်မှလည်း စိုက်ပျိုးကြပ

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ဂေါ်ဖီထုပ်များ စိုက်ပျိုးထားပါသည်။ ဂေါ်ဖီထုပ်ကို တပေါင်းလတွင် စတင်စိုက်ပျိုးပြီး ၂လအကြာတွင် ခူးယူရပါသည်။ ဂေါ်ဖီထုပ်ကို(၁)ဧက စိုက်ပျိုးလျှင် (၇)သိန်းခန့်ကုန်ကျပြီး စိုက်ပျိုးပင်ပေါင်းမှာ (၈၀၀၀) ခန့် စိုက်ပျိုးရကြောင်း သိရပါသည်။ ခုတ်ယူသည့်အပင်ပေါင်းမှာလည်း (၈၀၀၀)ခန့်ရှိကြောင်းသိရပြီး ၂၀၂၄ခုနှစ် မေလနောက်ဆုံးအပတ်တွင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ရောင်းဈေးမှာ(၅၀၀)ကျပ်ဖြင့် ရောင်းရပြီး တစ်ဧကဝင်ငွေမှာ သိန်း(၄၀)ခ

ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏ ကြက်သွန်နီလက်ကျန် အခြေအနေများအား အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန

တောင်ငူခရိုင် ထန်းတပင်မြို့နယ်သည် မိုးစပါးအပြင် သီးထပ်အဖြစ် ပဲမျိုးစုံနှင့် နွေစပါးများကို အောင်မြင်စွာ စိုက်ပျိုးသည့် မြို့နယ်ဖြစ်ပါသည်။ ယခု၂၀၂၄နှစ် နွေစပါးရာသီတွင် နွေစပါး ၁၅၈၇ ဧက စိုက်ပျိုးခဲ့ရာ မေလနောက်ဆုံးအပတ်တွင် စိုက်ဧက အားလုံးရိတ်သိမ်းပြီးစီးပြီး ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံမြောက်ပိုင်း Boc Giang ခရိုင်ရှိ လိုင်ချီးသီးများ အထွက်နှုန်းကျဆင်းမှုကြောင့် အသီးဈေးနှုန်းများ ၅၀ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ လိုင်ချီးလယ်သမားများအတွက် ငွေကြေးဆုံးရှုံးမှုများစွာဖြစ်လာစေခဲ့ပါသည်။
