ကုန်သွယ်မှုသတင်းများ
မိုးဦးကာလသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် မြစ်ချောင်းအင်းအိုင်များတွင် ငါးများ ပေါများလာပါသည်။ တောင်ငူမြို့ ငါးလုပ်ငန်းဦးစီးဌာနရှိ ငါးကန်များကို လေလံတင်ရောင်းချရာ လေလံဆွဲသူ များပြားလျက် ရှိပါသည်။ ငါးဒိုင်များတွင် လက်ကားဝယ်ယူသူများသကဲ့သို့ တစ်ဆင့်ပြန်လည်ရောင်းချသည့် လက်လီသမားများ၊ ငါးရောင်းသူများဖြင့် စည်ကားလျက်ရှိပါသည်။

ထိုင်းနိုင်ငံခရီးသွားလာရေးအာဏာပိုင်အဖွဲ့ (TAT) သည် ယခုနှစ်တွင် ဖူးခတ်ကမ်းခြေ၏ ခရီးသွားကဏ္ဍမှတစ်ဆင့် အနည်းဆုံးဘတ် ၄၀၀ဘီလီယံရရှိမည်ဟု ယုံကြည်ချက်ရှိနေပြီး ၂၀၂၄ခုနှစ်၏ ပထမသုံးလတာကာလတွင် ဖူးခတ်ကမ်းခြေကို ခရီးသွား ၃.၆သန်းကျော်လာရောက်လည်ပတ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ TAT ရုံး၏ ဒါရိုက်တာတစ်ဦးဖြစ်သည့် Lerdchai Wangtiakoondee က ဇန်နဝါရီလမှ မတ်လအတွက် ဖူးခတ်ကိုလာရောက်လည်ပတ်ခဲ့သည့် ခရီးသွားအရေအတွက်မှာ ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၃၀ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဘဏ္ဍာငွေ ဘတ် ၁၃၇ဘီလီ

တရုတ်နိုင်ငံသည် ပြည်တွင်းမှကုမ္ပဏီများကို ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန်အတွက် တိုက်တွန်းသွားမည်ဖြစ်ပြီး နှစ်နိုင်ငံစီးပွားရေးစင်္ကြန်ကိုအရှိန်မြှင့်တင်ရန်၊ စက်မှုဇုံလုပ်ငန်းစဥ်များအရှိန်ရလာစေရန်နှင့် မီးရထားလမ်း၊ ကားလမ်း၊ စွမ်းအင်နှင့်စိုက်ပျိုးရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရန်အတွက် အဆင်သင့်ဖြစ်နေကြောင်းသိရပါသည်။ ၎င်းကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ကမ္ဘောဒီးယားနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၊ တောင်အာရှနှင့် အရှေ့အာရှတို့၏ အချက်အချာကျသော နေရာတွင် တည်ရှိနေပြီး အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံ၊ မြောက်ဖက်တွင် တရုတ်နိုင်ငံ၊ အနောက်ဖက်တွင် ဘင်္ဂလားဒေ့ရှ့်နှင့် အိန္ဒိယနိုင်ငံတို့နှင့် ထိစပ်နေသည်။ ထို့အပြင် တောင်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်ပင်လယ်အော်ရှိပြီး အိန္ဒိယသမုဒ္ဒရာနှင့်လည်း ထိစပ်နေပါသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ကန်တောင်၊ကျောက်ဖူး၊ရိုးကန်၊ ကန်တာ၊ တောမ၊ သဲတောလေး ကျေးရွာများတွင် မိသားစုအပိုဝင်ငွေရရှိစေရန် ဟင်းသီးဟင်းရွက်သစ်သီးဝလံများစိုက်ပျိုးကြပြီး ဈေးကွက်လိုအပ်ချက်အရ ဒေသတွင်းထွက်ရှိသော ခရမ်းချဉ်သီးများအပြင် ရှမ်းပြည်နယ်ဘက်မှဝင်လာသော ခရမ်းချဉ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။