ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် ၎င်းကို အနည်းငယ်သာစိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်းသိရသည်။

၂၀၂၄ခုနှစ်၊ မေလ၊ ဒုတိယအပတ်နှင့် တတိယအပတ်အတွင်း ရှမ်း(တောင်) ဒေသထွက်သီးနှံဈေးနှုန်းဈေးကွက်များ အတက်အကျနှင့်လှုပ်ခတ်မှုများ၊ ဈေးနှုန်းကွာခြားချက်များ၊ ဈေးကွက်လိုအပ်ချက်အရ စီးဆင်းမှုများဖြစ်ပေါ်နေခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်တွင် စိုက်ပျိုးထွက်ရှိသည့် မြေပဲသီးနှံ လှိုင်လှိုင် ပေါ်ချိန်မှာ ဇန်နဝါရီလမှ မတ်လအထိ (၃) လခန့် သာရှိပြီး တစ်နှစ်ပတ်လုံး ကြိတ်ခွဲ နိုင်ရန်အတွက် အခြားဒေသများ ဖြစ်သည့် ပြည်၊ မကွေး ၊ ပခုက္ကူနှင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံများမှ ကုန်ကြမ်းများ ကို ဝယ်ယူကြိတ်ခွဲလျက်ရှိပါသည်။ မြေပဲဆီသည် ကျန်းမာရေးနှင့်လည်း ညီညွှတ်သဖြင့် ယခင်ကထက် စားသုံးမှုများလာ၍ ဈေးကွက်ပိုမိုရရှိလာကြပြီး၊ ဆီကြိတ်၍ထွက်ရှိလာသော မြေပဲဖတ်ကိုလည်း တိရိစ္ဆာန်စာအဖြစ် အသုံးပြုလျ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်တွင် ယခုရက်ပိုင်းအတွင်း ယခင်အပတ် ဈေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပေါ်ဆန်းဆန် ဈေးနှုန်း မှာ တစ်အိတ်လျှင် ကျပ် ၄၅၀၀၀၊ ဧည့်မထဆန် ဈေးနှုန်းမှာ တစ်အိတ်လျှင် ကျပ် ၂၂၀၀၀ခန့် ယခင်အပတ်ထက် ဈေးနှုန်းမြင့်တက်နေ ကြောင်း သိရှိရပါသည်။

ပုသိမ်ဈေးကွက် အတွင်းစာဖိုဆောင်သုံး သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီ ဈေးနှုန်းများမှာ မေလ ပထမအပတ်တွင် ကြက်သွန်နီ အသစ်အကြီး တစ်ပိဿာ ၂၀၀၀ကျပ်၊ လက်ကားဈေး ၁၈၀၀ကျပ် ရှိပြီ ကြက်သွန်နီ အသစ်အသေး တစ်ပိဿာ ၁၇၀၀ကျပ်၊ လက်ကားဈေး ၁၆၀၀ကျပ်၊ မြစ်သား ကြက်သွန်နီ တစ်ပိသာ ၂၆၀၀ ကျပ်၊ လက်ကားဈေး ၂၅၀၀ကျပ်ရှိပါသည်။
