Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 May 2024

     နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ တောင်သူများက သခွားသီးကို (နွေ၊ မိုး၊ ဆောင်း) ရာသီ (၃)မျိုးစလုံး၌ စီးပွားဖြစ် စိုက်ပျိုးကြပြီး နွေသခွားကို မတ်လတွင် ရေလောင်း/ ရေတင်၍ စိုက်ပျိုးကြပြီး စပ်မျိုးများကိုလည်း စိုက်ပျိုးကြကြောင်း  သိရပါသည်။

28 May 2024

      နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ဈေးကွက်အတွင်း ၂၀၂၄ခုနှစ်၊ မေလတတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော အခြေခံစားကုန်များနှင့် အသားငါးဈေးနှုန်းများမှာ ကြက်သွန်ဖြူ(ကြူကုတ် တစ်ပိဿာ ၁၄၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၃၂၀၀ ကျပ်၊ ကြက်သွန်ဖြူရှမ်းမွှာတစ်ပိဿာ ၁၂၀၀ ကျပ်၊ ကြက်သွန်နီ (ကြီး) တစ်ပိဿာ ၃၅၀၀ ကျပ်၊ ကြက်သွန်နီ(သေး) တစ်ပိဿာ ၂၅၀၀ ကျပ်၊ ငရုတ်ခြောက်တစ်ပိဿာ ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

28 May 2024

    နတ်တလင်းခရိုင်၊ ပေါင်းတည်မြိုနယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေစပါး စိုက်ဧက  ၂၃၈၂၆-ဧက စိုက်ပျိုးခဲ့ပါသည်။ ယခုမေလတတိယပတ်တွင် ပေါင်းတည်မြို့နယ် ကျောင်းတော်ရာ ကျေးရွာအုပ်စု ကျီးမနိုးကျေးရွာ၌ ဦးဝင်းနိုင်၏ GW 11မျိုး  နွေစပါးများစတင် ရိတ်သိမ်းလျက်ရှိပြီး   တစ်ဧကလျှင် ၁၂၀-တင်းခန့် ထွက်ရှိကြောင်း ၊အစိုဓာတ် (၁၈%မှ၂၀%)ကြား   စပါးတင်း(၁၀၀)လျှင် (၁၆၅၀၀၀၀)ကျပ်ခန့် ပေါက်ဈေးရှိကြောင်း ၊ ပေါင်းတည်မြို့နယ်အတွင်းသို့ အခြားမြို့နယ်များမှ နွေစပါးများလည်း ဝင်ရောက်လျက်ရှိရာ တစ်ရက်လျှင် ပေါင်း

28 May 2024

     ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မြို့မညဈေးတွင် ရောင်းချနေသော ကြက်ဥ၊ ဘဲဥ၊ ဆေးဘဲဥ၊ ငုံးဥ ဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ်၊ မေလတတိယပတ်တွင် ကြက်ဥ အရွယ်အစားလိုက်၍ ကြက်ဥ (လက်လီ) ဈေးနှုန်းများမှာ ကြက်ဥ (အကြီး)တစ်လုံး (၃၂၀)ကျပ်၊ ကြက်ဥ (အလတ်) တစ်လုံးလျှင်(၃၀၀)ကျပ်၊ ကြက်ဥ (အသေး) တစ်လုံးလျှင် (၂၈၀) ကျပ်၊ ဘဲဥ တစ်လုံးလျှင် (၄၀၀) ကျပ်၊ ဆေးဘဲဥ တစ်လုံးလျှင်(၄၅၀) ကျပ်၊ ငုံးဥ ဆယ်လုံးလျှင် (၇၅၀) ကျပ် ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်မေလဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက ဈေးအ

28 May 2024

      စံပယ်ပန်းသည် ဆယ့်နှစ်ရာသီပွင့်သောပန်းဖြစ်သော်လည်း တပေါင်းလမှ နယုန်လအထိ အများဆုံးပွင့်ကြသည်။ ဖြူးမြို့တွင် စိုက်ပျိုးသောစံပယ်ပန်းများမှာ ရန်ကုန်စံပယ်၊ စံပယ်ကြက်ရုံး၊ ပဲခူးစံပယ်နှင့် စံပယ်အုန်းပုတ်တို့ ဖြစ်ပါသည်။ ယခုအခါတွင် စံပယ်ပန်းများ လှိုင်လှိုင်ပွင့်ပြီး စံပယ် ပန်းရောင်းသူများ တွက်ချေကိုက်လျက်ရှိပါသည်။

Pages