ကုန်သွယ်မှုသတင်းများ
ဂျပန်နိုင်ငံ၏ ပို့ကုန်များသည် ပဥ္စမလပတ်အထိ ဆက်တိုက်တိုးတက်လာခဲ့ကြောင်း တရားဝင်အချက်အလက်များအရသိရသည်။ နိုင်ငံ၏ စုစုပေါင်းပို့ကုန်သည် ယန်း ၈.၉ထရီလီရံ (အမေရိကန်ဒေါ်လာ ၅၇ဘီလီယံ) ရှိပြီး ယခင်နှစ်ထက် ၈.၃ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဘဏ္ဍရေးဝန်ကြီးဌာနကထုတ်ပြန်သည့် ပမာဏကိန်းဂဏန်းများအရသိရသည်။ စုစုပေါင်းသွင်းကုန်မှာ ယန်း ၉.၄ထရီလီယံရှိပြီး ၈.၃ရာခိုင်နှုန်းတိုးလာကာ နှစ်လတာကာလအတွင်း ပထမဆုံးကုန်သွယ်မှုလိုငွေမှာ ယန်း ၄၆၂ဘီလီယံဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများအား အပတ်စဉ်တင်ပြလျှက်ရှိကြောင်းသိရှိရပါသည်။

UNICEF သည် ၂၀၁၉ ခုနှစ်တွင် (၅)နှစ်အောက် မလေးရှားကလေးငယ်များ၏ ၂၀.၇% သည် ပုညှက်ခြင်းဝေဒနာကိုခံစားခဲ့ရပြီး (၁၉)နှစ်အရွယ်ကလေးများ၏ ၁၂.၇ % သည် အဝလွန် ခြင်းကို ကြုံတွေ့ရကာ ၁၁.၅% သည် တဖြည်းဖြည်းအားနည်း၍ပိန်လှီလာကြသည်။

အင်ဒိုနီးရှားစက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ PT Mahugi Jaya Sehahtern မှထုတ်လုပ်သော ပြည်တွင်းအထည်အလိပ်ထုတ်ကုန်များကို ဒူဘိုင်းသို့တင်ပို့ရောင်းချပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ၃၅၀၀၀၀အထိရှိကြောင်းသိရသည်။

နည်းပညာကုမ္ပဏီကြီး Amazon ၏ Cloud Computing ယူနစ် AWS (Amazon Web Services) သည် စပိန်နိုင်ငံအရှေ့မြောက်ပိုင်း Amazon ဒေသရှိ ဒေတာစင်တာများတွင် ယူရို ၁၅.၇ဘီလီယံ(ဒေါ်လာ ၁၇.၀၂ဘီလီယံ) ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း 2024ခုနှစ်၊ မေလ ၂၂ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ပြောကြားခဲ့ပြီး နိုင်ငံအတွင်း ၎င်း၏တိုးချဲ့မှုအစီအစဉ်ကို သိသိသာသာမြှင့်တင်သွားမည်ဖြစ်သည်။
