Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
28 May 2024

      မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ပဲတီစိမ်း(မိုးကြို)ကို ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၅၇၆၁)ဧက၊ စဉ့်ကိုင်မြို့နယ်တွင် (၄၄၉၇)ဧက၊ မြစ်သားမြို့နယ်တွင် (၈၄၁၁)ဧက၊စုစုပေါင်း(၁၈၆၆၉)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏စာရင်းများအရ သိရှိရပါသည်။ ပဲတီစိမ်း(မိုးကြို)ကို မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုးကြပြီး ဇွန်လနှင့် ဇူလိုင်လများတွင် စတင်ရိတ်သိမ်းကြောင်း သိရှိရပါသည် ။ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် ကျောက်စိမ်းမျိုးနှင

28 May 2024

     မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံကိုလည်း တောင်သူများ သီးထပ်သီးညှပ်စိုက်ပျိုးသည့်အပြင် သီးသန့်လည်းစိုက်ပျိုးကြ ပါသည်။၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် နေကြာ(မိုးကြို)ကို စဉ့်ကိုင်မြို့နယ်တွင်(၁၅၂၆)ဧက၊မြစ်သား မြို့နယ်တွင်(၁၅)ဧက၊စုစုပေါင်း(၁၅၄၁)ဧကစိုက်ပျိုးပြီးစီးကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီး ဌာန၏စာရင်းများအရ သိရှိရပါသည်။ နေကြာ(မိုးကြို)ကို မတ်လနှင့် ဧပြီလများတွင် စတင်စိုက်ပျိုး ကြပြီး ဇွန်လနှင့်ဇူလိုင်လများတ

28 May 2024

          ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေ ရရှိစေရန်အတွက်လည်းကောင်း စိုက်ပျိုး ကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာစိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ကြကြောင်း သိရှိရပါသည်။

28 May 2024

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး၊ ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များအနေဖြင့် စပါး၊ ဆန် ဈေးနှုန်းများမှာ ယခင်အပတ်များအတိုင်း ဈေးအေးနေကြောင်းသိရှိရပါသည်။

28 May 2024

        မြန်မာပြည်ရဲ့ဆန်အိုးကြီးလို့ တင်စားခေါ်ဝေါပြီး ဆန်စပါးအများဆုံးစိုက်ပျိုးထွက်ရှိရာ နေရာ ဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီးတွင် နွေစပါးကို နိုဝင်ဘာလ လဝက်လောက်တွင် စတင် စိုက်ပျိုး ကြပြီး ဧပြီလ ၊ လအစပိုင်းတွင် ရိတ်သိမ်းလျက်ရှိရာ ဒေသပေါက်ဈေးနှုန်းအနေဖြင့် ရက်(၉၀) စပါး ပေါင်(၅၀) ၁ တင်းလျှင် ကျပ် ၂၂၀၀၀/- ၊ တင်း ၁၀၀ လျှင် ငွေကျပ် သိန်း ၂၀ ကျော် ပေါက်ဈေးရှိပြီး ၊ သီးထပ်ရင် ပေါင်(၅၀) ၁ တင်းလျှင် ကျပ် ၁၆၀၀၀/-၊ တင်း ၁၀၀ လျှင် ငွေကျပ် ၁၆ သိန်းကျော် ရှိကြောင်းသိရှိပါသည်။

Pages