ကုန်သွယ်မှုသတင်းများ
ထိုင်းနိုင်ငံ၊ Surin ပြည်နယ်တွင် ဆယ်စုနှစ်တစ်ခုကြာ သိုလှောင်ထားသည့် ဆန်အိတ် ၁၅ဝ,ဝဝဝ ကို ဆေးသိပ္ပံဦးစီးဌာနက လူအများစားသုံးရန်လုံခြုံစိတ်ချရမှုရှိကြောင်း ကြေညာသည် နှင့်တစ်ပြိုင်နက် ပြည်သူများသို့ လေလံတင်ရောင်းချနိုင်ရေး ပြင်ဆင်ထားရန် ပြည်သူ့သိုလှောင်ရုံ အဖွဲ့အစည်း (PWO) သို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Phumtham Wechayachai က ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဆန်များကို ပုဂ္ဂလိကကုမ္ပဏီများ၏ ဦးဆောင်မှုဖြင့် ဓာတ်ခွဲခန်းများတွင် စမ်းသပ်စစ်ဆေးခဲ

၂၀၂၄ခုနှစ် ပထမသုံးလပတ်၌ ထိုင်းနိုင်ငံ၏ လတ်ဆတ်သော သရက်သီးတင်ပို့မှုသည် ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ဘတ် ၁.၆ သန်းခန့်အထိ ၁၃၀% မြင့်တက်လာခဲ့ကြောင်း၊ အလားတူကာလအတွင်း၌ပင် ကောက်ညှင်းဆန်တင်ပို့မှုသည် ဘတ် ၁ သန်းခန့်အထိ ၁၃ % မြင့် တက်ခဲ့ကြောင်း သိရှိရသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ပြည်တွင်း ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှုမှာ စံချိန်တင်ထွက်ရှိခဲ့ပြီး အအေးခန်းသိုလှောင်ရုံများ၌ ထားရှိနိုင်မည့်ပမာဏထက် ကုန်ဝင်ရောက်မှု ပိုလျှံနေသဖြင့် ကြက်သွန်နီ တင်သွင်းခွင့် တားမြစ်ပိတ်ပင်ထားခြင်းကို ဇူလိုင်လအထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနမှ အတွင်းဝန် Francisco Tiu Laurel Jr. က ၂၀-၅-၂၀၂၄ နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံ၊ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသရှိ ကန်ထိုမြို့ (Can Tho) ရှိ ဆန်စပါးတင်ပို့မှုနှင့် စိုက်ပျိုးထုတ်လုပ်ရေး နည်းပညာကဏ္ဍတို့၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆန္ဒရှိသည်ဟု အဆိုပါမြို့သို့ ရောက်ရှိနေသော အင်ဒိုနီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ၂၀-၅-၂၀၂၄ နေ့တွင် မြူနီစီပယ်ပါတီကော်မတီ အတွင်းရေးမှူး Nguyen Van Hieu နှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့ကြောင်း သိရှိရသည်။
အိန္ဒိယပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားနှင့် ရောင်းလိုအားတို့ ညီမျှမှုမရှိပဲ လိုအပ်ချက် ဖြစ်ပေါ်မှုကြောင့် ပဲမျိုးစုံ ဈေးနှုန်းများသည် သီးနှံရာသီအသစ်၌ စိုက်ပျိုးထွက်ရှိမှုမှ ဈေးကွက်သို့ စတင်ဝင်ရောက်လာမည့် အောက်တိုဘာလအထိတိုင်အောင် ဆက်လက်မြင့်တက်ပြီး စားသောက် ကုန်ဈေးနှုန်းများ ဖောင်းပွမှုအပေါ် ဖိအားများသက်ရောက်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုလျက်ရှိကြသည်။