Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 May 2024

 ၂၅.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

27 May 2024

     ဗီယက်နမ်နိုင်ငံ၏ ကျောက်မီးသွေးတင်ပို့မှုသည် ဧပြီလတွင် ၁၀၉၂၁၉တန်ရှိပြီး အမေရိကန်ဒေါ်လာ ၂၉ဒသမ ၄သန်းတန်ဖိုးရှိခဲ့ကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါက ပမာဏနှင့် တန်ဖိုးအဆတစ်ရာကျော်တိုးလာကြောင်း ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရသိရသည်။

27 May 2024

     ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံ၌ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံမှုသည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်ဆက်ဆံရေးကို နက်ရှိုင်းစေမည့် နောက်ဆုံးလက္ခဏာဖြစ်သည်။

        ရှီ၏ဖိတ်ကြားချက်အရ ပူတင်သည် ကြာသပတေးနေ့မှစတင်၍ တရုတ်နိုင်ငံသို့ နှစ်ရက်ကြာ နိုင်ငံတော်ခရီးစဉ်သွားရောက်မည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

27 May 2024

      အဆင့်သတ်မှတ်ချက်အပြောင်းအလဲများသည် အာရှမော်တော်ကားထုတ်လုပ်သူများအတွက် အဓိကတိုက်ပွဲဖြစ်လာသည်ဟု ဂျပန်အခြေစိုက် အွန်လိုင်းသတင်းမဂ္ဂဇင်းက မှတ်ချက်ပြုခဲ့သည်။

       ကာလကြာရှည်စွာ တတိယနေရာသို့ရောက်ရှိခဲ့သော မလေးရှားနိုင်ငံ၏ ရောင်းအားကိန်းဂဏန်းများသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ သုံးလပတ်ဆက်တိုက် ထိုင်းနိုင်ငံ၏ ထိပ်ဆုံးမှရပ်တည်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

27 May 2024

        Amazon သည် cloud ဝန်‌ဆောင်မှုများတိုးချဲ့ရန်အတွက် စင်္ကာပူတွင် ဒေါ်လာ ၉ဘီလီယံရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိကြောင်းကြေညာခဲ့သည်။ မေလ ၇ရက်နေ့တွင် ကျင်းပသည့် Amazon Web Services (AWS) ASEAN Summit ၌ Seattle အခြေစိုက် နည်းပညာကုမ္ပဏီကြီးသည် မလေးရှားနှင့်ထိုင်းနိုင်ငံရှိ cloud ဝန်ဆောင်မှုများတွင် ‌‌ဒေါ်လာဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံမှုများကို ထုတ်ဖော်ပြသခဲ့ပြီးနောက် ယခုကဲ့သို့ အစီအစဉ်ထွက်ပေါ်လာခြင်း ဖြစ်သည်။

Pages