ကုန်သွယ်မှုသတင်းများ
ပုသိမ်မြို့နယ်ပေါက်ကုန်းကျေးရွာနေ တောင်သူဦးညွှန့်ဝေပိုင် လယ်မြေတွင်ဟိုတယ် ကန်စွန်းများ စိုက်ပျိုးလျက်ရှိပြီး စတင်စိုက်ပျိုးချိန် နိုဝင်ဘာလမှစ၍ ၁လအကြာဒီဇင်ဘာလတွင် ခူးဆွတ်၍မေလအထိ ဈေးကွက်တွင်ရောင်းချလျက်ရှိကြောင်းသိရသည်။

၂၇.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၂၇.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အိန္ဒိယစားနပ်ရိက္ခာလုံခြုံစိတ်ချရမှုနှင့် စံချိန်စံညွှန်းအာဏာပိုင်အဖွဲ့အစည်း (The Food Safety and Standards Authority of India-FSSAI) သည် သရက်သီးများ ပေါများသည့်ရာသီ ကာလတွင် သစ်သီးများကို ကယ်လ်ဆီယမ်ကာဘိုက် ရင့်မှည့်ဆေးကို အသုံးပြု၍ အချိန်မတိုင်မီ ရင့်မှည့်စေခြင်းအတွက် သတ်မှတ်ထားသည့် စံနှုန်းများကို တိကျစွာ လိုက်နာစေလိုကြောင်း ကုန်သည်များ၊ သစ်သီးရောင်းချသူများနှင့် စားသောက်ကုန်လုပ်ငန်းရှင်များကို တိုက်တွန်းပြော ကြားခဲ့ပါသည်။ အဆိုပါအဖွဲ့အစည်းက စားနပ်ရိက္ခာလုံခြုံစိတ်ချရမှုဆိုင်ရာဌာနများအား
မလေးရှားနိုင်ငံတွင် ၂ဝ၂၄ ခုနှစ်မေလအတွင်း စားအုန်းဆီထုတ်လုပ်မှုကောင်းမွန်လာသဖြင့် စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းများသည် ရင်းဂစ် ၃,၇ဝဝ မှ ၃,၉၅ဝ ကြားရှိမည်ဟု မျှော်လင့်ရသည်ဟု မလေးရှားစားအုန်းဆီကောင်စီ (MPOC) ထံမှ သိရှိရကြောင်း The Edge Malaysia သတင်းဌာနမှ ၂၀-၅-၂၀၂၄ ရက်နေ့တွင် ဖော်ပြထားပါသည်။ အဆိုပါသတင်းဌာန၏ ဖော်ပြချက်တွင် စားအုန်းဆီထုတ်လုပ်မှု မြင့်တက်လာသော်လည်း စားအုန်းဆီသိုလှောင်မှုမှာ ယခုနှစ်ဒုတိယသုံးလပတ်တွင် တန်ချိန် ၂ သန်းအောက်သာ ကျန်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ သ
