![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/၈၇.png?itok=dL7wrrfO)
ပုသိမ်မြို့နယ်ပေါက်ကုန်းကျေးရွာနေ တောင်သူဦးညွှန့်ဝေပိုင် လယ်မြေတွင်ဟိုတယ် ကန်စွန်းများ စိုက်ပျိုးလျက်ရှိပြီး စတင်စိုက်ပျိုးချိန် နိုဝင်ဘာလမှစ၍ ၁လအကြာဒီဇင်ဘာလတွင် ခူးဆွတ်၍မေလအထိ ဈေးကွက်တွင်ရောင်းချလျက်ရှိကြောင်းသိရသည်။
ဟိုတယ်ကန်စွန်းစိုက်ပျိုးရာတွင် နေ့စဉ်ရေလောင်းပေးရပြီး ၁၅/၂၀ရက် တစ်ခါခူးလျှင် စပါးခွံမြေဆွေးနှင့် ဓာတ်မြေဩဇာ ထည့်ပေးရကြောင်း ဟိုတယ်ကန်စွန်းမျိုးစေ့ ၆ဗူး ကို ၁ဧက အတွက်ကုန်ကျငွေ ကျပ် ၃၀၀၀ဝိ/- ဝန်းကျင်သာရှိ၍ ၁၅/၂၀ရက် တစ်ခါခူးလျှင် အစည်းရေ ၈၀၀/၉၀၀ ရရှိပြီး တစ်စီးကို ၆၅/၉၀ ကျပ် ဈေးရရှိသည့်အတွက် ၁ကြိမ်ရောင်းချရလျှင် ကျပ် ၆၀၀၀၀/၈၀၀၀၀ ရရှိပြီး စိုက်ခင်းသို့ လာရောက်ဝယ်ယူလျက်ရှိကြောင်း စတင်စိုက်ပျိုးချိန်မှ စ၍ ၆လအတွင်း အကျိုးအမြတ်ရရှိနေသော ဟိုတယ်ကန်စွန်းကို ကျေးရွာနေ တောင်သူ အချို့မှာလည်း စိုက်ပျိုးလျက်ရှိကြောင်း တောင်သူဦးညွှန့်ဝေက ဆက်လက်ပြောကြားသည်။
DOCA(ဧရာဝတီ)