ကုန်သွယ်မှုသတင်းများ
(၁၁-၈-၂၀၂၃) ရက်နေ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုထားရှိမှုကို လေ့လာဖတ်ရှုနိုင်ပါသည် -
တောင်ငူမြို့ ညောင်ပင်ဈေးရှိ သစ်သီးအရောင်းဆိုင်များ၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထမအပတ်တွင် ပန်းသီးဈေးနှုန်းများမှာ အသေးတစ်လုံးလျှင် ၁၅၀၀ကျပ်၊ အလတ်တစ်လုံးလျှင် ၂၀၀၀ကျပ်နှင့် အကြီးတစ်လုံးလျှင် ၂၅၀၀ကျပ်၊ ပန်းသစ်တော်သီးမှာ အကြီး/ အသေးပေါ်မူတည်၍ တစ်လုံးလျှင် ၂၅၀၀ကျပ်မှ ၃၀၀၀ကျပ်အထိဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ပထအပတ်တွင် တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး စားအုန်းဆီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၈၇၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၉၀၀၀ကျပ်ဖြင့် ဈေးနှုန်းဆက်လက်၍တက်နေပါသည်။

တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေး၌ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) မှာ တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၆၀၀၀ကျပ်အထိ၊ ကုလားအော်သီးမှာ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်၊ ငရုပ်သီးစိမ်း (ကျောက်စိမ်းသီး) မှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

၂၀၂၃ ခုနှစ် ဩဂုတ်လ ဒုတိယအပတ်အတွင်း မော်လမြိုင်မြို့ သံလွင်ဈေးအတွင်း အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်း(ဆန်)(သစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် (၉၅၅၀၀)၊ ဧည့်မထ(ဆန်)(သစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် (၆၉၀၀၀)၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် (၇၅၀၀)၊ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် (၁၄၅၀၀)၊ ကြက်သွန်နီ(အသစ်) တစ်ပိဿာလျှင် ကျပ် (၂၆၀၀) ၊ ဂျင်း တစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၉၀၀၀)၊ ဆား တစ်ပိဿာလျှင် ကျပ် (၈၀၀)၊