ကုန်သွယ်မှုသတင်းများ
ဗီယက်နမ်သည် စတီးလ်အကြမ်းထည်ထုတ်လုပ်မှုတွင် ကမ္ဘာပေါ်၌ နံပါတ်(၁၂) နေရာ၌ ရပ်တည်နေကြောင်းသိရပါသည်။ ထုတ်လုပ်မှုကဏ္ဍ လျင်မြန်စွာတိုးတက်လာရုံသာမက ဗီယက်နမ်စတီးလ်ထုတ်ကုန်များသည် တဖြည်းဖြည်းပိုမိုကွဲပြားခြားနားလာကြောင်း ဗီယက်နမ်နိုင်ငံ စတီးလ်အသင်းထံမှသိရပါသည်။ အသင်းဥက္ကဋ္ဌဖြစ်သူ Ngiem Yuam Da က ၂၀၁၅ခုနှစ်မှစ၍ ဗီယက်နမ်နိုင်ငံ၏ စတီးလ်လောကသည် ထုတ်လုပ်မှုကဏ္ဍတွင်သာမက အချောသတ်ထားသော စတီးလ်ထုတ်ကုန်များရောင်းချမှုတွင် အာဆီယံ၏ထိပ်ဆုံးမှ ဦးဆောင်နေသည့်နိုင်ငံများအနက် တစ်ခုအဖြစ် ရပ်တည်

ထိုင်းနိုင်ငံနှင့်ဘူတန်နိုင်ငံတို့သည် ယခုလတွင်ကျင်းပမည့် (၅)ကြိမ်မြောက် ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေး၌ နှစ်ဖက်ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂၀မီလီယံထိရောက်ရှိရန် ကူညီပေးမည့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်အတွက် ဆွေးနွေးရန်ပြင်ဆင်နေကြပါသည်။ ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Napintorn Srisunpang က ဘူတန်နိုင်ငံ စက်မှု၊ စီးပွားရေးနှင့် အလုပ်သမား ရေးရာဝန်ကြီး Namgyal Dorji ၏ ဖိတ်ကြားချက်အရ ၂၀၂၄ခုနှစ်၊ မေလ ၁၅ရက်နေ့မှ ၁၇ရက

ယူကရိန်းနိုင်ငံသည် လွန်ခဲ့သည့်နှစ်က တန်ချိန်သန်း ၈၀ပမာဏရှိသည့် ကောက်ပဲသီးနှံများနှင့် ဆီထုတ်နိုင်သည့်အစေ့အဆံများကို ကောက်ရိတ်သိမ်းနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၂ဘီလီယံပမာဏရှိသည့် လယ်ယာထွက်ကုန်များကို ပြည်ပသို့တင်ပို့ခဲ့ကြောင်း ယူကရိန်းနိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီး Taras Vysotskyi က ၂၀၂၄ခုနှစ်၊ မေလ ၁၆ရက်နေ့ကကြေညာခဲ့ပါသည်။ Vysotskyi ၏ ပြောကြားချက်အရ ၈၇ရာခိုင်နှုန်းသော လယ်ယာထွက်ကုန်များကို အိုဒတ်စာမြို့နှင့် ကပ်လျက်ရှိသော ဆိပ်ကမ်းများမှ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရ

အမေရိကန်နိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမလေးလတာကာလတွင် ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄ဘီလီယံဖြင့် ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံးတင်ပို့မှုဈေးကွက်အဖြစ် ရပ်တည်လျက်ရှိပါသည်။ အထွေထွေကိန်းဂဏန်းအချက်အလက်ရုံး၏ အစီရင်ခံစာအရ တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၈ဘီလီယံဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး ဥရောပသမဂ္ဂက အမေရိကန်ဒေါ်လာ ၁၆.၄ဘီလီယံဖြင့် တတိယနေရာတွင် ရပ်တည်နေကြောင်းသိရပါသည်။ လေးလတာကာလတွင် ဗီယက်နမ်နိုင်ငံသည် ပို့ကုန်သွင်းကုန်ပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၃၈.၈၈ဘီလီယံရှိခဲ့ပြီး ကုန်

မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ ရောင်းချနေသောပုစွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုစွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအပေါ်မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။
