ကုန်သွယ်မှုသတင်းများ
ပြည်ဈေးကွက်သို့ ယခုကာလများတွင် ဒူးရင်းသီးများကို တောင်ငူ၊ မော်လမြိုင်နှင့်ရေးဘက်မှ ဝင်ရောက်လျှက်ရှိရာ အမျိုးအစားများအနေဖြင့် ဗမာသီး၊ ယိုးဒယားကိုင်းဆက်သီး၊ မွန်ထောင်းသီး၊ ချန်နီသီးများအဝင်ရှိ၍ ပြည်ဈေးကွက်အတွင်းရှိ အသီးအနှံမျိုးစုံရောင်းချသည့်ဆိုင်များတွင် ရောင်းချလျက်ရှိသလို Online ဖြင့်ရောင်းချသူများ၊ ကားဖြင့်လှည့်လည်၍ ဒူးရင်းသီးတစ်မျိုးတည်းသာ ရောင်းချသူများလည်းရှိပါသည်။ ဈေးများတွင်သီးနှံစုံရောင်းချသည့်ဆိုင်များနှင့် ကားဖြင့်လှည့်လည်ရောင်းချသူများထက် Online မှရောင်းချ

ပြည်မြို့ပေါ်ဈေးများတွင် ၂၀၂၄ခုနှစ်၊ မေလလယ်၌ ဝါစေ့ပင်ပေါက်များ ဈေးကောင်းရလျက်ရှိပြီး ယခုကာလတွင် ပေါင်းတလည်မြို့နှင့် တောင်ခွေးရဲရွာတို့ဘက်မှ ဝင်ရောက်လျက်ရှိပါသည်။ ဝင်ရောက်မှုမှာ တစ်ပတ်လျှင်တစ်ကြိမ်သာဝင်ရောက်မှုရှိပြီး ၁၀ပိဿာခန့် အဝင်ရှိနေပါသည်။ ယခုကာလမှာရှားပါးချိန်ဖြစ်၍ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေသည်။ ဝါစေ့ပင်ပေါက်မှာ စိမ့်သောအရသာရှိပြီး ဘူးသီး၊ ကင်းပွန်ရွက်၊ ကန်စွန်းရွက်တို့နှင့် ရော၍ဟင်းချို၊ ကြော်ချက် အရည်သောက်သော်လည်းကောင်း၊ ဆူးပုပ်ရွက်၊ ပိန္နဲသီးများနှင့်

ပြည်ဈေးကွက်အတွင်း ကြက်သွန်သီးနှံမှာ ၂၀၂၄ခုနှစ်၊ မေလလယ်၌အဝင်နည်းသွားပြီး မကွေးတိုင်း အောင်လံမြို့နယ်တစ်ခုတည်းမှသာ အဝင်ရှိနေပါသည်။ ပြည်ပွဲရုံများ၌ အရောင်းအဝယ်မှာ ပုံမှန်ဝယ်လက်များဖြင့်သာ ရောင်းဝယ်မှုရှိနေသည့်အတွက် မှာယူရောင်းချမှုနည်းသွားခြင်းဖြစ်ပြီး ဈေးနှုန်းမှာ အမြင့်ဈေးအတိုင်း ရောင်းဝယ်မှုရှိနေပါသည်။ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင်(ကြီး/ လတ်/ သေး)ကျပ်၂၀၀၀/ ၂၁၀၀-၂၂၀၀/ ၂၃၀၀ နှုန်းနှင့် လက်လီတစ်ပိဿာလျှင် ကျပ်၂၄၀၀/၂၆၀၀-၂၈၀၀/၃၀၀၀နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေသည်။

ပြည်မြို့တွင် ယခုလရက်သတ္တပတ်အတွင်း ပဲရှည်သီးဈေးနှုန်းမှာ အဆမတန်မြင့်တက်နေလျှက်ရှိပါသည်။ သီးနှံစိုက်တောင်သူများမှာ ရာသီဥတုပူပြင်းသဖြင့် အသီးအထွက်နှုန်းနည်းပါးခြင်းနှင့် စိုက်ပျိုးသူနည်းပါးခြင်းစသည့် အချက်နှစ်ရပ်ကြောင့်ဟုဆိုကြောင်း သိရှိရပါသည်။ ပြည်မြို့နှင့်နီးသောဟင်းသီးဟင်းရွက်ပေါများစွာထွက်ရှိသော အင်းမနှင့် ဝက်ပုပ် ဒေသများမှ ပဲရှည်သီးအနည်းငယ်သာ ပြည်ဈေးကွက်သို့တင်ပို့ရောင်းချ၍ ယခုအခါတွင် ပြည်မြို့အတွင်း ရှမ်းစု၊ ဉယျာဉ်စုနှင့် ဇီးဖြူကုန်းကျေးရွာများမှ အများဆုံးထွက်ရှိ၍ ဈေးကွက်တွင်ပစ

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အခြေခံသည့်နိုင်ငံဖြစ်၍ စပါးကိုအဓိကထား၍ စိုက်ပျိုးကြပါသည်။ စပါးကိုကြိတ်ခွဲ၍ရရှိသောဆန်ကို လူတို့စားသုံးကြသလို စပါးကိုကြိတ် ခွဲ၍ထွက်ရှိလာသော ဘေးထွက်ပစ္စည်းများဖြစ်သည့် ဆန်ကွဲနှင့် ဖွဲနုများကို တိရိစ္ဆာန်အစာအဖြစ် အသုံးပြုကြောင်းသိရှိရပါသည်။ ဆန်ကွဲကြီးကို သရေစာအဖြစ်စားသုံးရန်အတွက် ဆန်မရွေးအဖြစ်ပြုလုပ်ရန်ဝယ်ယူကြပါသည်။ ယခင်ဧပြီလတွင် ဖြစ်ပေါ်ခဲ့သော ဆန်ကွဲ၊ ဖွဲဈေးနှုန်းများမှာ ဆန်ကွဲကြီးတစ်အိတ်လျှင် ၅၀၀၀၀ကျပ်၊ ဆန်ကွဲ (၂၃၄) တစ်အိ
