Main menu

ဈေးမြင့်တက်နေသည့် ပဲရှည်သီးဈေးကွက်

Powered by Drupal

          ပြည်မြို့တွင် ယခုလရက်သတ္တပတ်အတွင်း ပဲရှည်သီးဈေးနှုန်းမှာ အဆမတန်မြင့်တက်နေလျှက်ရှိပါသည်။ သီးနှံစိုက်တောင်သူများမှာ ရာသီဥတုပူပြင်းသဖြင့် အသီးအထွက်နှုန်းနည်းပါးခြင်းနှင့် စိုက်ပျိုးသူနည်းပါးခြင်းစသည့် အချက်နှစ်ရပ်ကြောင့်ဟုဆိုကြောင်း သိရှိရပါသည်။ ပြည်မြို့နှင့်နီး‌သောဟင်းသီးဟင်းရွက်ပေါများစွာထွက်ရှိသော အင်းမနှင့် ဝက်ပုပ် ဒေသများမှ ပဲရှည်သီးအနည်းငယ်သာ ပြည်ဈေးကွက်သို့တင်ပို့ရောင်းချ၍ ယခုအခါတွင် ပြည်မြို့အတွင်း ရှမ်းစု၊ ဉယျာဉ်စုနှင့် ဇီးဖြူကုန်းကျေးရွာများမှ အများဆုံးထွက်ရှိ၍ ဈေးကွက်တွင်ပစ္စည်းရှားပါးခြင်းကြောင့် ဈေးမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၄ခုနှစ်၊ မေလတတိယအပတ်အစ ဈေးကွက်တွင် ပဲရှည်သီး (၁၀)တောင့်စီးတစ်စီးလျှင် ၅၀၀-၇၀၀ကျပ်ဈေးဖြစ်၍ ဟင်းသီးဟင်းရွက်ပေါများသော ဇွန်လနှင့် ဇူလိုင်လတွင် ဈေးပြန်လည်၍ကျဆင်းလာနိုင်ဖွယ်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)