ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ခရမ်းသီးများကို ပခုက္ကူကျွန်း၊ ဘောလုံးခုံ၊ လေးလံကျွန်း၊ မြင်းကျွန်း၊ ကုက္ကိုလ်လှ၊ သင်္ဘောကုန်း၊ ရွာသစ်ကုန်း ကျေးရွာများတွင် ခရမ်းသီးကို သီးညှပ်အဖြစ် အဓိကစိုက်ပျိုးကြပါသည်။ ခရမ်းသီးရာသီကုန်ဆုံးသည်ဖြစ်သောကြောင့် ခရမ်းသီး ဈေး မှာလည်း တရိပ်ရိပ်နှင့် ဈေးတက်လျက်ရှိပါသည်။ ယခုအချိန်တွင် ပခုက္ကူဒေသမှထွက်သော ခရမ်းသီး များ ရာသီစာကုန်ဆုံး၍ ပခုက္ကူမြို့အနီးအနားမြို့နယ်များဖြစ်သော မြစ်ခြေ၊ ကမ္မမြို့နယ်များမှ ထွက်ရှိသော ခရမ်းသီးမျာ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသောကြောင့် ငါးအမျိုးမျိုးရရှိသော်လည်း မြို့နေလူဦးရေများပြားသောကြောင့် မိမိတို့ဒေထွက် ငါးများဖြင့် မလုံလောက်သဖြင့် မြန်မာပြည်အောက်ပိုင်းရှိ ရန်ကုန်ငါးဒိုင်မှလည်း ဝင်ရောက်အရောင်း အဝယ်ဖြစ်နေပါသည်။ ပခုက္ကူဒေသမှထွက်ရှိသောငါးများမှာ ရေမောင်စာ၊ တီလာဘီးယား၊ ငါးကြင်း ဖြူ၊ ငါးမြင်း၊ အခြားငါးအမျိုးမျိုးနှင့် ပုဇွန်ဆိပ်တို့ဖြစ်ပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီကုန်စည်ဒိုင် ဈေးကွက်တွင် စားဖိုဆောင်သီးနှံ ကြက်သွန်နီဈေးနှုန်းများ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ မေလ (တတိယပတ်)တွင် ကြက်သွန်နီ အမြင့်ဈေး တစ်ပိဿာလျှင် ထိပ်စ ကျပ်(၂၀၀၀)၊ အလတ်စ ကျပ် (၁၈၀၀)၊ အသေးစ ကျပ်(၁၆၀၀)ဈေးရှိခဲ့ပြီး ယခင်မေလ(ဒုတိယပတ်)တွင်လည်း အမြင့်ဈေး ကျပ် (၂၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်အပတ်နှင့် ကာလတူနှိုင်းယှဉ်ရမည်ဆိုလျှင် ဈေးအတက်အကျမရှိ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ကုန်စည်ဒ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်၌ ၂၀၂၄ ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် မြေပဲဈေးနှုန်းများ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူမြို့သည် မကွေးတိုင်းအတွင်း စီးပွားရေးအချက်အချာကျသောမြို့ဖြစ်ပြီး ဒေသထုတ်ကုန်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော မြို့တစ်မြို့ဖြစ်ပါသည်။ မြေပဲသီးနှံမှ မြေပဲဆီ၊ မြေပဲယို၊ မြေပဲဆားလှော်၊ မြေပဲကြက်ဥစသည့် ကုန်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးလျက် ရှိခြင်းကြောင့် မြေပဲရောင်းဝယ်ရေးလုပ်ငန်းများ တွင်တွင်ကျယ် ကျယ်ဆောင်ရွက်လျက

၂၀၂၄ ခုနှစ်၊ မေလ (၂၁)ရက်နေ့၊ နံနက် (၀၈း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်တိုင်းစားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဆန်စပါးကုန်သည်အသင်း၊ ထားဝယ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ပင်စင်လစာထုတ်ယူသည့်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ထားဝယ်မြို့မြန်မာ့စီးပွားရေးဘဏ်ဘေး၊ အထက(၁)ကျောင်းဝန်းအတွင်းတွင် ဆန်တစ်ပြည်လျှင်(၂၅၀၀)ကျပ်နှုန်းဖြင့တစ်ဦးလျှင်ဆန် (၂)ပြည်၊ စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းဈ
