Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
23 May 2024

     မိတ္ထီလာမြို့ဈေးကွက်အတွင်း၌ အိမ်ဆောက်ပစ္စည်းတစ်မျိုးဖြစ်သည့် အပါချီဘိလပ်မြေကို သာစည်မြို့နယ် ပြည်ညောင်ရှိ ရွှေတောင်ဘိလပ်မြေစက်ရုံ၊ အယ်ဖာနှင့်ကြံ့နှစ်ကောင် ဘိလပ်မြေကို ကျောက်ဆည်မြို့ရှိ ဘိလပ်မြေစက်ရုံများမှ တိုက်ရိုက်မှာယူရောင်းချကြောင်း၊ အချို့မှာ ရွှေမေတ္တာ ကုမ္ပဏီမှ မှာယူရောင်းချကြောင်း သိရှိရပါသည်။ မေလတတိယပတ်အတွင်း ဈေးကွက်တွင်ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် (၉၂၀၀) ကျပ်၊ အပါချီ ဘိလပ်မြေတစ်အိတ်လျှင် (၈၈၀၀) ကျပ်၊ အယ်ဖာ ဘိလပ်မြေ

23 May 2024

        စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်သူများမှဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၄ ခုနှစ်၊ မေလတတိယအပတ် ၁၈ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးတို့တွင်    နံနက် (၀၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ်ရောင်းချပေးလျက်ရှိပါသည်။

23 May 2024

       မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

23 May 2024

       မြန်မာနိုင်ငံတွင် သရက်သီးစိုက်ပျိုးထုတ်လုပ်မှုအရ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးသည့်သရက်သီးအမျိုးအစားများမှာ မြကျောက်၊ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ပတ္တမြားငမောက်နှင့် စိမ်းချို စသောသရက်သီးအမျိုးအစားများ ဖြစ်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် စိန်တလုံးသရက်ကို အများဆုံးစိုက်ပြီး ပတ္တမြားငမောက်နှင့် စိမ်းချိုစသည့် သရက်မျိုးများစိုက်ပျိုး ကြသည်။

23 May 2024

        အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားကြွေးမြီးသည် ယမန်နှစ်ကသုံးလပတ်တွင်ရရှိခဲ့သော ဒေါ်လာ၄၀၈.၅ ဘီလီယံနှင့်နှိုင်းယှဥ်ပါက ယခုနှစ်ပထမလပတ်တွင် အမေရိကန်ဒေါ်လာ ၄၀၃.၉ ဘီလီယံသို့ ကျဆင်းသွားကြောင်းအင်ဒိုနီးရှားနိုင်ငံ၏ဗဟိုဘဏ်မှ ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်ကြေညာခဲ့ပါသည်။

      အစိုးရ၏နိုင်ငံခြားကြွေးမြီးသည် ယခင်သုံးလပတ်တွင်ဒေါ်လာ(၁၉၆.၆)ဘီလီယံ ယခုနှစ်ပထမလပတ်တွင်‌ ဒေါ်လာ (၁၉၂.၂) ဘီလီယံသို့ကျဆင်းသွားခဲ့ပါသည်။

Pages