Main menu

မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် အပတ်စဉ်ရောင်းချပေး

Powered by Drupal

        စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်သူများမှဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၄ ခုနှစ်၊ မေလတတိယအပတ် ၁၈ရက်နေ့တွင် မုံရွာမြို့၊ ပြည်ထောင်စုဈေးတို့တွင်    နံနက် (၀၇:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ်ရောင်းချပေးလျက်ရှိပါသည်။

     ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှု့ဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့သည် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူ၊ ထုတ်လုပ်သူများနှင့် ပူးပေါင်းကာ စားအုန်းဆီတစ်ပိဿာလျှင် ၆၃၀၀ကျပ်၊ ဝယ်ယူသည့်ပြည်သူများအဆင်ပြေစေရန် ကောင်တာ(၅) ခုခွဲ၍ ဆီ(၃၃၀) ပိဿာနှင့် မုံရွာမြို့၊ (အ.ထ.က-၂)ကျောင်းတွင် တိုင်း/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းအများစုပေါင်းသန့်ရှင်းရေးတွင် ဆီ(၃၃၀) ပိဿာ၊ ဆန်တစ်ပြည်လျှင်၃၀၀၀ကျပ်၊ ဆန်(၂၄)ပြည်ဝင်အိတ်(၂၀) အိတ်၊  ကြက်ဥ(၅) လုံးတစ်ထုပ်လျှင် ၁၀၀၀ကျပ်၊ ကြက်ဥ အလုံး(၂၇၀၀)၊ ငုံးဥ( ၁၆ ) လုံးတစ်ထုပ်လျှင် ၁၀၀၀ကျပ်၊ အလုံး (၃၀၀၀)နှင့် ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို/ ကိတ်ခြောက်များနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက်ဈေးထက်သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါ သည်။

DOCA(စစ်ကိုင်း)