Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 May 2024

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ နတ်မောက်အုပ်စု၊ ဝန်လိုကွင်းတွင် ဖူးစားပြောင်းများစိုက်ပျိုးထားရှိပါသည်။ ပန်းတောင်းမြို့နယ်တွင် ဖူးစားပြောင်းကို ဧကများစွာစိုက်ပျိုးထားရှိ၍ တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုကိုသိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရှိရပါသည်။ ပြောင်းစိုက်ပျိုးရာတွင် တစ်ဧကလျှင် ပြောင်းစေ့ နို့ဆီဘူး(၄)ဘူးစိုက်ပျိုးရပြီး ၂၀၂၄ခုနှစ်၊ မေလ၊ ဒုတိယအပတ်တွင် တစ်ဘူးလျှင် ၃၅၀၀၀ကျပ်၊ (၄)ဘူးလျှင် ၁၄၀၀၀၀ကျပ်ဖြင့်ရောင်းချပြီး စိုက်ပျိုးသေ

21 May 2024

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ နတ်မောက်အုပ်စု၊ နတ်မောက်ကျေးရွာရှိ ကွင်းအမှတ်(၈၈) ဝန်လိုကွင်းတွင် စိုက်ပျိုးသူတောင်သူ ဦးဇော်မင်းထွေးနှင့်တွေ့ဆုံ၍ (ရခိုင်) ငှက်ပျောသီးမျိုးစိုက်ပျိုးထွက်ရှိမှုအား (၁၄-၅-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် ကွင်းဆင်းလေ့လာဆွေးနွေးခဲ့ပါသည်။

21 May 2024

      ပြည်ဈေးကွက်၌ တစ်နှစ်တစ်ခါ သရက်သီးမှည့်ပေါ်ချိန်တွင် ဒညင်းသီးများလည်း ဈေးကွက်သို့ စတင်ဝင်ရောက်ရောင်းချလာကြပါသည်။ ရာသီပေါ်အသီးဖြစ်သော ဒညင်းသီးမှာ လူကြိုက်များပြီး စားသုံးသူများသလောက်ရှိပါသည်။ ယခုအချိန် ပြည်ဈေးကွက်တွင်ရောင်းချနေသော ဒညင်းသီးများမှာ ပဲခူးတိုင်း၊အရှေ့တောင်ငူဘက်မှ ဝင်ရောက်လာသည့်အပြင် ဧရာဝတီတိုင်းမှလည်း ဝင်ရောက်လာသည်ကိုတွေ့ရပါသည်။ ယခုအချိန်သည် ပေါ်ခါစဖြစ်၍ အထွက်နည်းပြီး ဈေးနှုန်းမှာလည်း မြင့်တက်နေသည်ကိုတွေ့ရပါသည်။ ပြည်ဈေးကွက်အတွင်းရှိ ဒညင်းသီးရောင်းချသူတစ်ဦးက

21 May 2024

      ယခုကဲ့သို့သော အချိန်ဖြစ်သည့် မေလဆန်းမှစ၍ ရာသီဥတုမှာ ပူပြင်းလာသဖြင့် အသီးအနှံများလည်း နေရောင်ခြည်လွန်ကဲစွာရရှိသောကြောင့် အထွက်နှုန်းနည်းလာကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၊ မေလလယ်ပိုင်းတွင် ပုတီးကုန်းဒေသမှထွက်ရှိသော ကျောက်စိမ်းငရုတ်သီးစိမ်းမှာ ယခုအချိန်၌ အထွက်နှုန်းနည်းပြီး ဝင်ရောက်မှုလည်းနည်းသွား၍ ဈေးကွက်တွင် ဈေးနှုန်းများမြင့်တက်လာပြီး တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ပီနန်ငရုတ်သီးစိမ်းမှာ ရန်ကုန်ဘက်မှ ပြန်လည်ဝင်ရောက်လာပြီး ဈေးကွက်တွင် တစ်ပိဿာလျှင် ၁၅၀၀၀

21 May 2024

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ၂၀၂၄ခုနှစ်၊ မေလတတိယပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ ဈေးနှုန်းများမှာ Decolgen (၁၀)လုံးပါ (၁)ကဒ်လျှင် (၂၁၀၀)ကျပ်၊ Paracetamol (၁၀)လုံးပါ (၁)ကဒ်လျှင် (၄၀၀)ကျပ်၊ Civit အလုံး (၁၀၀)ပါ(၁)ဘူးလျှင် (၃၆၀၀)ကျပ်၊ Burmeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် (၂၅၀၀)ကျပ်၊ Biogesic (၁၀)လုံးပါ (၁)ကဒ်လျှင် (၁၂၀၀)ကျပ်၊ Cetirizine (၁၀)လုံးပါ (၁)ကဒ်လျှင် ( ၃၀၀)ကျပ်၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် (၄၀၀)ကျပ်၊ သီးစုံဓာတ်ဆား Royal-D (၁)ထ

Pages