Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 May 2024

      ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံဖြစ်သော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်သီးနှံများမှာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

21 May 2024

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့သစ်သီးဆိုင်များတွင် ကသာဒေသမှထွက်ရှိသော လိုင်ချီးသီးများ စတင်ရောင်းချကြောင်းသိရသည်။ ကသာဒေသရှိ လိုင်ချီးသီးရောင်းချသူများထံမှ လိုင်ချီးသီးအတွဲ(၁၀၀)ပါ တစ်ခြင်းလျှင် (၁၈၀၀၀၀)ကျပ်နှင့် ဝယ်ယူရပြီး ကန့်ဘလူမြို့တွင် လိုင်ချီးသီးတစ်တွဲလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချရသဖြင့် တစ်ခြင်းလျှင် (၂၀၀၀၀)ကျပ်ခန့် အကျိုးအမြတ်ရရှိကြောင်း၊ လိုင်ချီးသီးသည် ရာသီအချိန်၌သာ ရောင်းချရသည့် အသီးဖြစ်သည့်အတွက် ဝယ်ယူစားသုံးသူများ ကြိုက်ကြသဖြင့် အရောင်းအ

21 May 2024

       ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ကသာမြို့၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။

21 May 2024

       ၂၀၂၄ခုနှစ်၊ မေလလယ်တွင် ကောက်ရိုးမှိုများ ပြည်ဈေးကွက်သို့  ဝက်ထီးကန်၊ ပေါင်းတည်ကြီးတို့မှ ဝင်ရောက်မှုရှိပြီး တစ်ပတ်လျှင် တစ်ကြိမ်ခန့်သာ အဝင်ရှိပြီး တစ်ကြိမ်လျှင် (၃/၄) ပိဿာခန့်အဝင်ရှိနေသည်။ စိုစွတ်သောရာသီတွင် မှိုအထွက်များပြီး ယခုခြောက်သွေ့သောရာသီတွင် အထွက်နည်းသဖြင့် ယခင်မိုးရာသီအဝင်များချိန်တွင် ပိဿာချိန် (၇၀)ခန့်သာဝင်ရောက်ခဲ့ပြီး ယခုအချိန်တွင် ပူပြင်းသောရာသီချိန်ဖြစ်သဖြင့် အဝင်မှာ တစ်ခါဝင်ရောက်လျှင် (၃/၄) ပိဿာလောက်သာအဝင်ရှိပြီး ဝင်သလောက်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါ

21 May 2024

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး မေလ တတိယပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကြီးအကောင်လိုက် တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ တီလားဗီးယားအကောင

Pages