ကုန်သွယ်မှုသတင်းများ
ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ်၊ တောင်ကြီးဘက်မှ ကြက်သွန်ဖြူ(ရှမ်းစ) အသစ်များ စတင်ဝင်ရောက်လျက်ရှိပါသည်။ ဈေးကွက်တွင် ရှမ်းစ(အဟောင်း)နှင့် ရှမ်းစ(အသစ်) များရှိနေပြီး ၂၀၂၄ခုနှစ်၊ မေလ၊ ဒုတိယအပတ်တွင် ရောင်းချသောဈေးနှုန်းများမှာ ရှမ်းစ(အဟောင်း)မှာ တစ်ပိဿာလျှင် လက်လီ ၁၈၀၀၀ကျပ်၊ လက်ကား ၂၀၀၀၀ကျပ်ဈေးနှုန်းရှိပြီး လက်ကျန်နည်းနေပြီး အရောင်းမသွက်တော့ကြောင်းသိရပါသည်။ ရှမ်းစ(အသစ်)မှာ ပေါ်စဖြစ်ပြီး အနည်းငယ်အစိုဓာတ်ရှိနေသေးသည့်အတွက် တစ်ပိဿာလျှင် လက်လီ ၁၃၀၀၀ကျပ်၊ လက်ကား ၁၂၀၀၀ကျပ်ဈေးနှုန်းရှိ

မင်းဂွတ်သီးသည် အသီးစသီးချိန်တွင် အခွံမှာ အစိမ်းရောင်ဖြစ်ပြီး မှည့်ခါနီးအချိန်တွင် အခွံမှာ အနီရောင်ဖြစ်လာပါသည်။ ထိုမှတစ်ဆင့် တဖြည်းဖြည်းခရမ်းရောင်သန်းလာလျှင် မှည့်ပြီဟုယူဆနိုင်ပါသည်။ မင်းဂွတ်သီးကောင်းတစ်လုံး၏ အပြင်သားမှာ ခရမ်းပုတ်ရောင်ရှိပြီး အတွင်းသားမှာ ဖြူစွတ်စွတ်ဖြစ်ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ မြို့သစ်ဈေးတွင် မြေပဲပင်ပေါက်များ စတင်ရောင်းချနေကြောင်းသိရှိရသည်။ မြေပဲပင်ပေါက်များသည် တစ်နှစ်မှာ တစ်ခါသာစားရခြင်းဖြစ်သည်။ မြေပဲပင်စို့များကို နုတ်ယူရာတွင် တစ်ဧကလျှင် အချိန် ၁၀ပိဿာမှ ၁၅ပိဿာအထိနုတ်ယူရရှိပြီး မြေပဲနုတ်စဉ်အချိန်က လက်ကျန်များကျန်ရှိခဲ့မှုအနည်းအများပေါ်မူတည်ပြီး ရရှိခြင်းဖြစ်ပါသည်။ ရောင်းချသူများအနေဖြင့် မြေပဲကို မြေပဲပင်ပေါက်အဖြစ် အရင်းအနှီးများသောကြောင့် ပြုလုပ်ရောင်းချနိုင်ခြင်းမရှိသော်လည်း မြေပဲနုတ်ယူစဉ်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ဒေသထွက်ခရမ်းချဥ်သီးတချို့နှင့် ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဥ်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
