Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
24 May 2024

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ၂၀၂၄ခုနှစ်၊ မေလပထမအပတ်က Octane 92 တစ်လီတာလျှင် ၂၇၀၀ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၈၁၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၆၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၁၅ကျပ်ရှိပါသည်။ 

         မေလတတိယအပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ တောင်ငူမြို့ New Day စက်သုံးဆီဆိုင်၌ Octane 92 တစ်လီတာလျှင် ၂၆၆၀ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၇၉၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၈၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၄၀ကျပ်ရှိပါသည်။

24 May 2024

            စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံသည် ၂၁.၅.၂၀၂၄ ရက်နေ့တွင် ဘီးလင်းမြို့နယ်တာဝန်ခံရုံး၌ ဘီးလင်းမြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများကို တာဝန်ယူဖြန့်ဖြူးရောင်းချနေသည့် လက်လီ/လက်ကား ကုန်သည်များနှင့် တွေ့ဆုံ၍ စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။

24 May 2024

     ၂၀၂၄ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင်  နံနက် (၈:၀၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကန်ဖျားရပ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ခရိုင်စီမံ၏အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများသည် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက်  အခြေခံစားသောက်ကုန်များအား ရောင်းချပေးခဲ့ပါသည်။

24 May 2024

          ကျိုက်မရောမြို့နယ်၌ ဒေသထွက်သီးနှံ တစ်မျိုးဖြစ်သည့် ကြက်မောက်သီးများလှိုင်လှိုင် ထွက်ရှိနေပြီး ဖြစ်သော်လည်း အခြားမြို့များသို့ တင်ပို့ရန် လမ်းခရီးအခက်အခဲရှိ၍ စျေးအနည်းငယ် ကျဆင်းနေကြောင်း သိရသည်။

24 May 2024

 

        တောင်ငူမြို့ရှိဈေးများတွင် ရာသီပေါ်ကနစိုးသီးများကို ရောင်းချနေပြီဖြစ်ပါသည်။ ကနစိုးသီးသည် ဗီတာမင်စီကြွယ်ဝသကဲ့သို့ သံဓါတ်ပါဝင်မှုကြောင့်လည်း သွေးအားကောင်းစေသည့်အပြင် ကိုယ်ခံအားကိုလည်းကောင်းစေပါသည်။

         ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်သော အကောင်းဆုံးအားဖြည့်အစာတစ်မျိုးလည်းဖြစ်သည့်အပြင် ကယ်လ်ဆီယမ်ပါဝင်သောကြောင့် အရိုးပွခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်းလည်း သိရပါသည်။

Pages