ကုန်သွယ်မှုသတင်းများ
ဂျပန်နိုင်ငံ Nippon Steel ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌဖြစ်သူ Takahiro Mori သည် ကုမ္ပဏီ၏ အမေရိကန်သံမဏိဝယ်ယူမှုအတွက် အဓိကညှိနှိုင်းသူဖြစ်ပြီး သဘောတူညီချက်ကိုအပြီးသတ်ရန် ဆက်လက်ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် သက်ဆိုင်သူများနှင့်တွေ့ဆုံရန် လာမည့်သီတင်းပတ်တွင် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

၂၄.၅.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသ
Elon Musk နှင့် အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီး Budi Gunadi Sadiki တို့သည် နိုင်ငံ၏ကျန်မာရေးကဏ္ဍအတွက် SpaceX ၏ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကို တနင်္ဂနွေနေ့၊ မေလ ၁၉ရက်နေ့တွင် စတင်ခဲ့ပြီး ကျယ်ပြောလှသော ကျွန်းစုများ၏ ဝေးလံခေါင်သီသောနေရာများတွင်ပါ အင်တာနက်ရရှိနိုင်ရန်ရည်ရွယ်၍ စတင်ခဲ့သည်။ SpaceX နှင့် Telsa ၏ ဘီလီယံနာသူဌေးကြီး Musk သည် အင်ဒိုနီးရှားနိုင်ငံ၏ အပန်းဖြေကျွန်းဖြစ်သော ဘာလီကျွန်းသို့ ရောက်ရှိလာခဲ့ပြီး မြို့တော် Denpasarရှိ ရပ်ရွာကျန်းမာရေးစင်တာတွင် လွှင့်တင်ခြင်း

မြန်မာတရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတန်ဖိုးသည် ဧပြီလ၁ရက်နေ့မှစတင်၍ လက်ရှိဘဏ္ဍရေးနှစ် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ရက်နေ့အထိ အမေရိကန်ဒေါ်လာ၂၈၀.၄၄သန်းသို့ကျဆင်းခဲ့ပြီး ယမန်နှစ် အလားတူကာလတွင် မှတ်တမ်းတင်ထားသော ကန်ဒေါ်လာ၄၀၇.၇သန်းရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းဇယားများတွင်ဖော်ပြထားသည်။

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်တွင် မိုးစပါးစိုက်ဧက(၂၇၈၆၂၁)ဧက စိုက်ပျိုးပြီး၊ သီးထပ်အဖြစ် မတ်ပဲ၊ပဲအမျိုးမျိုး၊အစေ့ထုတ်ပြောင်းနှင့် နွေစပါးတို့ကိုစိုက်ပျိုးကြပါသည်။ ၂၀၂၄ ခုနှစ်တွင် မြန်အောင်ခရိုင်၌ နွေစပါးစိုက်ဧက(၃၇၃၄၄)ဧက စိုက်ပျိုးပြီး၊အင်္ဂပူမြို့နယ်တွင် (၂၆၂၀၃)ဧက စိုက်ပျိုးခဲ့ပါသည်။အင်္ဂပူမြို့နယ်တွင် နွေစပါးကိုထိုင်းရက်(၉၀)၊ နှံကောက်၊ ဆင်းသုခစသော စပါးမျိုးများကို အဓိကစိုက်ပျိုးကြကြောင်းသိရှိရပါသည်။
