Main menu

ပြည်ကြက်သွန်နီအရောင်းပါး၍ အဝင်နည်း

Powered by Drupal

       ပြည်ဈေးကွက်အတွင်း ကြက်သွန်သီးနှံမှာ ၂၀၂၄ခုနှစ်၊ မေလလယ်၌အဝင်နည်းသွားပြီး မကွေးတိုင်း အောင်လံမြို့နယ်တစ်ခုတည်းမှသာ အဝင်ရှိနေပါသည်။ ပြည်ပွဲရုံများ၌ အရောင်းအဝယ်မှာ ပုံမှန်ဝယ်လက်များဖြင့်သာ ရောင်းဝယ်မှုရှိနေသည့်အတွက် မှာယူရောင်းချမှုနည်းသွားခြင်းဖြစ်ပြီး ဈေးနှုန်းမှာ အမြင့်ဈေးအတိုင်း ရောင်းဝယ်မှုရှိနေပါသည်။ ပွဲရုံလက်ကားဈေး တစ်ပိဿာလျှင်(ကြီး/ လတ်/ သေး)ကျပ်၂၀၀၀/ ၂၁၀၀-၂၂၀၀/ ၂၃၀၀ နှုန်းနှင့် လက်လီတစ်ပိဿာလျှင် ကျပ်၂၄၀၀/၂၆၀၀-၂၈၀၀/၃၀၀၀နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်မှုရှိနေသည်။ ပြည်ပွဲရုံဈေးကွက်အတွင်းတွင် မကွေးတိုင်းကြက်သွန်နီများသာရှိပြီး ပြည်အနီးတဝိုက်တွင်ထွက်ရှိသည့် မှော်ဇာကြက်သွန်နီများမှာဈေးနှုန်းမြင့်ပြီး ကိုယ်တိုင်စိုက်တောင်သူများမှ မြို့ပေါ်ဈေးများသို့သွားရောက်ရောင်းချခြင်းကြောင့် အကျိုးအမြတ်ပိုမိုရရှိကြောင်း သိရှိရပါသည်။ ပြည်၊ မှော်ဇာ ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်၂၆၀၀-၂၈၀၀နှုန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)