ကုန်သွယ်မှုသတင်းများ
သထုံခရိုင်အတွင်းရှိမြို့နယ်များတွင် မေလဒုတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။ မေလဒုတိယအပတ်တွင် သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၄၅၀၀)အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၂၀၀)အိတ်ခန့်၊ စုစုပေါင်း(၅၇၀၀)အိတ်ခန့်၊ တန်ချိန်အားဖြင့်(၂၇၅) တန်ခန့် စီးထွက်ခဲ့ပါသည်။ ယခုမေလတတိယအပတ်တွင် မော်လမြိုင်ခရိုင်သို့ (၃၄၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၈၅၀)အိတ်ခန့်၊ စုစုပေါင်း(၅၂၅၀)အိ

တောင်ငူခရိုင် ဖြူးမြို့နယ်သည် စစ်တောင်းမြစ်ဝှမ်း ရေတော်မိုးတော်ဒေသဖြစ်၍ မိုးစပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများ အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသကဲ့သို့ ပဲခူးရိုးမ တောင်ပေါ်ရှိ ဆည်ကြီးများ၊ ချောင်းပိတ်နှင့် အင်းအိုင်ရေများမှလည်း နွေစပါးများ အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ ပါသည်။

ဘီးလင်းမြို့နယ်တွင် ဒေသထွက်ဒူးရင်းသီးများ ယခုမေလအတွင်း လှိုင်လှိုင်ထွက်လျက်ရှိရာ မိုးတဖြိုက်လေတဖြိုက်ကာလဖြစ်သည်နှင့်အညီ ဒူးရင်းသီး စားသုံးသူများပိုမိုများပြားလာကြောင်း သိရှိရပါသည်။

တောင်ငူမြို့သည် အရှေ့ဘက်တွင် အရှေ့ရိုးမတောင်နှင့် အနောက်ဘက်ရှိ ပဲခူးရိုးမ တောင်ကြား စစ်တောင်းမြစ်ကမ်းနဖူးတွင် တည်ရှိသောမြို့တစ်မြို့ဖြစ်ပါသည်။ တောင်ပေါ်ဒေသများရှိ ဝါးများမှရရှိသော ဝါးနွယ်မျှစ်များအား တောင်ခြေကျေးရွာများရှိ ရွာသူရွာသားများ ခုတ်ယူ၍ မြို့ပေါ်ရှိဈေးများတွင် လာရောက်ရောင်းချကြပါသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာ၊ ဇုတ်သုတ်၊ မုသင်၊ ရွှေလှေကျေးရွာများ၌ ကွမ်းရွက်များကိုတပိုင်တနိုင်စိုက်ပျိုးကြရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြပြီး ယခုနှစ်တွင် အထွက်နှုန်းကျဆင်းသော်လည်း ဈေးကောင်းရရှိ၍ မိသားစုစီးပွားရေးအဆင် ပြေလျှက်ရှိကြောင်း သိရှိရပါသည်။
