ကုန်သွယ်မှုသတင်းများ
အရှေ့တောင်အာရှ၏ မော်တော်ကားစျေးကွက်တွင် တတိယနေရာ၌ ကြာရှည်စွာရပ်တည်နေသော မလေးရှားနိုင်ငံသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဖေဖော်ဝါရီလအထိ သုံးလဆက်တိုက် မော်တော်ကားထုတ်လုပ်မှုတွင် ထိုင်းနိုင်ငံအားကျော်တက်ကာ အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး မော်တော်ကားစျေးကွက်ဖြစ်လာခဲ့သည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကန်ရိုးကျေးရွာ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးရှိ Green Farm ကုမ္ပဏီသည် ဒေသထွက်ကုန် ပရဆေးကုန်ကြမ်းများ၊ ဒေသထွက်ပစ္စည်းများကို ပြည်ပဈေးကွက်ရရှိအောင် ဆောင်ရွက်၍ နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနေသည်။

တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၂၆/၅ ၏ အရှေ့ဘက်တွင်ရှိသော စိန်တလုံးသရက်ခြံမှ သရက်သီးများ ပေါ်နေပြီဖြစ်ပါသည်။ ၎င်းခြံမှ သရက်သီးမျိုးများကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ကျေးရွာတွင် ဝယ်ယူပါသည်။

ယခုရာသီများထဲတွင် လူကြိုက်အများဆုံးအသီးဖြစ်သည့် ပိန္နဲသီးများကို ပဲခူးတိုင်းတွင် စိုက်ပျိုးရောင်းချနေပြီဖြစ်သည်။ ပိန္နဲသီးများကို ပဲခူးမြို့အနီးရှိ ကျေးရွာများမှ ပဲခူးမြို့ပေါ်စျေးများသို့ လာရောက်ရောင်းချကြသည်။ ပိန္နဲသီးကို မှည့်မှည်ချိုချိုလေးမှ စားလို့ရခြင်းမဟုတ်၊ ခပ်နုနုအရွယ် အစိမ်းမှာတင် အစိမ်းလိုက်လှီး အစေးထွက်အောင် ရေစိမ်၍ အတို့အမြှုပ်အနေနဲ့ ပြုတ်စားလို့ရသလို အတုံးလေးတွေ တုံးပြီး ချက်စားလို့လည်းရကြောင်း သိရှိရပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းဈေးကွက်တွင် မေလ ဒုတိယပတ်နှင့်တတိယပတ်တို့၏ ကုန်စိမ်းဈေးနှုန်းဈေးကွက်တို့ကိုနှိုင်းယှဉ်ပါက ကုန်စိမ်းသီးနှံအားလုံး ဈေးမြင့်တက်အရောင်းသွက်လျက်ရှိကြောင်းလေ့လာသိရှိရပါသည်။