
မြန်မာနိုင်ငံသည် ခရမ်းပင်များ စိုက်ပျိုးရန်သင့်တော်သော ရာသီဥတုဖြစ်၍ ခရမ်းပင်များကို နေရာအနှံ့အပြား၌ စိုက်ပျိုးကြပါသည်။ ခရမ်းမျိုးများမှာ များပြားပြီး ၎င်းတို့အနက်မှ အသုံးများ သောခရမ်းသီးများမှာ ခရမ်းရှည်၊ ခရမ်းပု၊ ခရမ်းကြွပ်၊ ခရမ်းကစော့တို့ဖြစ်ကြပါသည်။ ခရမ်းပင်ကို မိမိတို့အိမ်ခြံဝန်းထဲတွင် မိသားစု စားသုံးရန်အတွက်စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း စိုက်ပျိုးကြ ပါသည်။ ခရမ်းသီးကို ပြည်မြို့အနီးတဝိုက်ရှိကျေးရွာများဖြစ်သော မှော်ဇာ၊ တောင်လုံးညိုနှင့် ခွေးရဲ ဘက်မှလည်း စိုက်ပျိုးကြပါသည်။ ထွက်ရှိလာသော ခရမ်းသီးများကို ပြည်မြို့ရှိ ဈေးကွက်များအပြင် နယ်မြို့များသို့လည်း တင်ပို့ရောင်းချကြပါသည်။ ၂၀၂၄ခုနှစ် မတ်လနောက်ဆုံးပတ်တွင် ဈေးကွက် တွင်းရောင်းချသော ခရမ်းသီးဈေးနှုန်းများမှာ ခရမ်းညိုသီး(အကြီး) တစ်လုံးလျှင် ၈၀၀ကျပ်၊ ခရမ်းညိုသီး (အလတ်) တစ်လုံးလျှင် ၅၀၀ကျပ်နှင့် ခရမ်းညိုသီး (အသေး)တစ်လုံးလျှင် ၁၅၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်နှစ်တွင် ခရမ်းသီး တစ်ပိဿာလျှင် (၇၀၀-၈၀၀) ကျပ်ဖြင့် ရောင်းချခဲ့၍ ယခုနှစ်တွင် အလုံးကိုလိုက်၍ ရောင်းချသဖြင့် ယခုနှစ်မှာ ဈေးပိုလာကြောင်း သိရပါသည်။ ယခုလိုဈေးပိုလာရခြင်းမှာ ရာသီဥတု အဆမတန်ပူပြင်း၍ အထွက်နှုန်းနည်း ပြီး ခရမ်းသီးမှာ ရောင်းတန်းမဝင်သဖြင့် ဈေးများမြင့်တက်လာရခြင်းဖြစ်ကြောင်း သိရပါသည်။
DOCA(ပဲခူး)