![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/180_1.jpg?itok=Wnqshlbe)
သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိတောင်သူများသည် ဥယျာဉ်ခြံလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများအပြင် တောင်ယာလုပ်ငန်းကိုပါ တွဲဖက်လုပ်ကိုင်ကြသည်။ ယခုမိုးဦးကျကာလတွင် တောင်ယာခင်းများ၌ နနွင်းများစတင်စိုက်ပျိုးနေပြီဖြစ်ကြောင်းသိရှိရပါသည်။
တောင်သူများသည် နနွင်းမစိုက်မှီ တောင်ယာခင်းများအားခုတ်ထွင်ရှင်းလင်းပြီး တောင်ယာမီးရှို့ခြင်းများလုပ်ဆောင်ကြသည်။ နနွင်းစိုက်ပျိုးရာတွင် ယခင်နှစ်က မျိုးကောင်းမျိုးသန့်အဖြစ်ရွေးချယ်သိုလှောင်ထားသောနနွင်းများကို မိုးဦးမကျမီနှင့် မိုးဦးကျကာလတွင်စိုက်ပျိုးကြကြောင်းသိရှိရသည်။
စိုက်ပျိုးထားသောနနွင်းတက်များကို ဖေဖေါ်ဝါရီလတွင်စတင်တူးဖေါ်ကြပြီး တောင်ငူမြို့ရှိနနွင်းအဝယ်ဒိုင်များသို့ လာရောက်ရောင်းချကြပါသည် ၂၀၂၃ခုနှစ်၊ မေလနောက်ဆုံးပတ်တွင် နနွင်းအစိုတစ်ပိဿာလျှင် (၆၀၀)ကျပ်နှင့် အခြောက်တစ်ပိဿာလျှင် (၇၂၀၀)ကျပ် အထိဈေးကောင်းရရှိသောကြောင့် တောင်သူများအနေဖြင့် ယခုနှစ်တွင်လည်းဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်းသိရှိရသည်။
DOCA(ပဲခူး)