Main menu

ပေါ်ဦးပေါ်ဖျား အင်ဥနုနုများ

Powered by Drupal

    ယခုလို မိုးဦးကာလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ရာသီပေါ်အစားအစာ တစ်မျိုးဖြစ်သည့် အင်ဥများ စတင်ထွက်ရှိနေပြီဖြစ်ပါတယ်။ အင်ဥလို့ ဆိုသည့်အတိုင်း အင်ပင်၏ အမြစ်များရှိရာ မြေပေါ်တွင် ပေါက်ရောက်ပြီး မှိုအမျိုးအစားတွင်ပါဝင်သည့်အတွက် မှိုဥလို့လည်း ခေါ်ကြပြန်ပါသေးတယ်။ ရှာဖွေသူများသည် အင်ဥနုနုလေးတွေ များများရဖို့အတွက် မိုးလေဝသ အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေနဲ့ မိမိတို့ရဲ့ကျွမ်းကျင်မှုများကိုပေါင်းစပ်ကာ ရှာဖွေကြ ကြောင်း ၊ စားသုံးသူများမှလည်း အင်ဥကို ကင်၍လည်းကောင်း၊ ကြော်၍လည်းကောင်း၊ ချက်၍ လည်းကောင်း၊ သုပ်၍ လည်းကောင်း မိမိတို့ နှစ်သက်သလို နည်းလမ်းအမျိုးမျိုးဖြင့် စားသုံးကြကြောင်း သိရှိရပါတယ်။ စားလိုက်ရင် တထုတ်ထုတ်ဖြစ်နေပြီး ဆိမ့်ဆိမ့်လေးနဲ့ တစ်မူထူးတဲ့ အရသာမို့ ကြိုက်နှစ်သက်သူ များပြားလှပါတယ်။ ယခုလို မိုးအေးအေးလေးမှာ အင်ဥကို ကန်စွန်းရွက်၊ ငရုတ်သီးစိမ်းတို့နှင့် ရောချက်၍ ထမင်းပူပူလေးနှင့်စားလျှင် လွန်စွာမှထမင်းမြိန်လှသည့် ဟင်းကောင်းတစ်ခွက် ဖြစ်သောကြောင့် ပေါ်ဦးပေါ်ဖျား အင်ဥနုနုများကို နို့ဆီဘူး (၁)ဘူးလျှင် ၅၀၀၀/- ကျပ် မှ ၆၅၀၀/- ကျပ် ၊ (၁) ပြည်လျှင် ၄၀၀၀၀/- ကျပ် မှ ၅၂၀၀၀/- ကျပ် ဈေးရှိကြောင်း၊ လှိုင်လှိုင်ပေါလာချိန်တွင်တော့ ဈေးအနည်းငယ်ကျလာနိုင်ဖွယ်ရှိကြောင်း သိရှိရပါတယ်။

DOCA(ရှမ်း)