ကုန်သွယ်မှုသတင်းများ
ဂျပန်ကုမ္ပဏီများသည် ဘိုင်အိုလောင်စာထုတ်လုပ်ခြင်း၊ အစိမ်းရောင်ထုတ်ပိုးခြင်း၊ AI နည်းပညာ လျှပ်စစ်ကားထုတ်လုပ်မှုတို့တွင် ထိုင်းနိုင်ငံ၌ ပိုမိုရင်းနှီးမြှုပ်နှံရန်နှင့် ၎င်းတို့၏ ထုတ်လုပ်ရေးစက်ရုံများကိုတိုးချဲ့ရန် စိတ်ဝင်စားနေကြောင်း ဝန်ကြီးချုပ်ဆရတ်သာဗီဆင်က ၂၃-၅-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အဆိုပါပြောကြားမှုကို ၎င်း၏ ၂၂-၅-၂၀၂၄ ရက်နေ့မှ ၂၄-၅-၂၀၂၄ ရက်နေ့ထိ (၃)ရက်တာကြာမြင့်ခဲ့သည့် ဂျပန်နိုင်ငံသို့ တရားဝင်အလည်အပတ်ခရီးစဉ်တစ်စိတ်တစ်ပိုင်းဖြစ်သည့် တိုကျိုတွင် ဂျပန်ကုမ္ပ

တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သောမြေပဲဆီမှာ ဧပြီလကအတိုင်း တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၆၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။
ကြက်သွန်နီမှာ မေလဆန်းပိုင်းက တစ်ပိဿာလျှင် အသေး ၂၂၀၀ကျပ်၊ အလတ် ၂၆၀၀ကျပ်၊ အကြီး ၃၀၀၀ကျပ်ရှိရာမှ မေလနောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် အသေး ၁၈၀၀ကျပ်၊ အလတ် ၂၂၀၀ကျပ်၊ အကြီး ၂၆၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြစ်ငါးအမျိုးမျိုးနှင့် ပုဇွန်တို့ကို မြို့ပေါ်ရှိ အမှတ်(၃)ရပ်ကွက်မှ ဈေးသည်များနှင့် မြို့အရှေ့ဘက်ကမ်းတွင်တည်ရှိသော မြင်ကွန်းရွာမှဈေးသည်များ အများဆုံးလာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မှတိုက်ရိုက် တင်ပို့သည့် ပြည်မြို့ရှိ ကွမ်းဒိုင်မှတဆင့် မှာယူရောင်းချကြောင်း၊ ကွမ်းစား ထုံးကို မကွေးမှဝယ်ယူရောင်းချပြီး နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့်ပခုက္ကူမှ ဝယ်ယူရောင်းချကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဥယျာဉ်ဇင်ကျေးရွာ၌ စပါး၊ နှမ်း၊ ပဲသီး၊ ခရမ်းချဉ်သီးနှင့် ဥယျာဉ်ခြံသီးနှံများကို စီးပွားဖြစ်အဓိကထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရှိရပါသည်။
