Main menu

ဈေးကောင်းရနေသော နောင်မွန်လိုင်ချီးသီး

Powered by Drupal

   ယခုရာသီအချိန်တွင် လိုင်ချီးသီးများလှိုင်လှိုင်ပေါ်နေသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်များဖြစ်လျက်ရှိပြီး လိုင်ချီးသီးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်သာမက မြန်မာပြည်အနှံ့အပြားတွင်လည်း စိုက်ပျိုးထွက်ရှိကြောင်းသိရှိရပါသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ်များတွင် လိုင်ချီးသီးကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး နောင်မွန်ကျေးရွာမှ ထွက်ရှိသော လိုင်ချီးသီးများသည် အလုံးကြီးပြီးချိုသောကြောင့် လူကြိုက်များပြီး အရောင်းအဝယ်သွက်ကြောင်း သိရှိရပါသည်။

      လိုင်ချီးသီးများကို လားရှိုးမြို့တွင်းသာမက ရန်ကုန်၊မန္တလေးမြို့ကြီးများနှင့်အခြားမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း လိုင်ချီးသီးဈေးနှုန်းများမှာ စတင်ပေါ်ချိန်တွင် တစ်ပိဿာလျှင်(၈၅၀ဝိ/-)ကျပ်ရှိခဲ့ရာမှ ယခုအချိန်တွင် တစ်ပိဿာလျင်(၅၀၀ဝိ/-မှ ၆၅၀ဝိ/-)ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ လားရှိုးမြို့တွင်လည်း မိမိတို့၏ နေအိမ်ခြံဝန်းအတွင်း လိုင်ချီးသီးကိုတစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)