![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/175_0.jpg?itok=BRKF0YNZ)
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ပြင်စီဈေးတွင်ရောင်းချလျက်ရှိသော ကြက်သွန်နီစျေးနှုန်းမှာ မေလတွင် စျေးအနည်းငယ်တက်နေကြောင်းသိရှိရပါသည်။မေလပထမပတ်တွင် ကြက်သွန်နီစျေးနှုန်းမှာ(၂၈၀၀)ကျပ်ဖြစ်ပြီး မေလနောက်ဆုံးပတ်တွင်(၃၀၀၀)ကျပ်အထိ အနည်းငယ်မြင့်တက်လာသည်ကိုသိရှိရပါသည်။ မိုးရာသီတွင် ကြက်သွန်နီကိုစားသုံးသူများအနေဖြင့် သိုလှောင်ရန်ဝယ်ယူခြင်းများရှိသည့်အတွက် စျေးနှုန်းများအနည်းငယ်မြင့်တက်လာသည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)