Main menu

တောင်ငူမြို့တွင် ပေါ်ဆန်းဆန်နှင့်မတ်ပဲဈေးအနည်းငယ်တက်

Powered by Drupal

    တောင်ငူမြို့တွင် ယခုလဆန်းပိုင်းက ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင်၁၅၅၀၀၀ကျပ်ရှိရာမှ မေလနောက်ဆုံးအပတ်တွင် တစ်အိတ်လျှင်၁၆၀၀၀၀ကျပ်၊ ဖျာပုံပေါ်ဆန်းတစ်အိတ်လျှင်၁၄၀၀၀၀ကျပ်မှ ယခုအပတ်တွင် ၁၅၀၀၀၀ကျပ်အထိ၊ ဒေသပေါ်ဆန်းတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်မှ မေလနောက်ဆုံးအပတ်တွင် ၁၂၅၀၀၀ ကျပ်အထိဖြင့်ဈေးတက်ခဲ့ပြီး ဧည့်မထ(မိုး) တစ်အိတ်လျှင် ၈၇၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်၊ ဧည့်မထ(နွေ)ဆန်မှာ တစ်အိတ်လျှင် ၇၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   စပါးမှာ ယခုလဆန်းပိုင်းက တင်း၁၀၀လျှင် ၁၉၅၀၀၀၀ ကျပ်ရှိရာမှ မေလနောက်ဆုံးအပတ်တွင် တင်း ၁၀၀လျှင် ၂၀၀၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်တက်ဆင်းပြီး  ဆန်ကွဲကြီးမှာတစ်အိတ်လျှင် ၅၀၀၀၀ ကျပ်၊ ဆန်ကွဲသေးမှာတစ်အိတ်လျှင် ၄၆၀၀၀ကျပ်၊ ဖွဲနုမှာတစ်အိတ်လျှင် ၁၈၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

     မတ်ပဲ(၃၀ ပိဿာအိတ်)မှာ ယခုလဆန်းပိုင်းက တစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်ရှိရာမှ မေလနောက်ဆုံးအပတ်တွင် တစ်အိတ်လျှင် ၁၅၉၅၀၀ကျပ်ဖြင့် ဈေးအနည်းငယ်တက်ပြီး ပဲလွန်းဖြူမှာ တစ်အိတ်လျှင် ၈၅၀၀၀ကျပ်၊ ပဲတီစိမ်းမှာတစ်အိတ်လျှင် ၈၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း တောင်ငူမြို့ရှိ ဆန်၊ စပါး၊ ပဲပွဲရုံများမှသိရှိရပါ သည်။

DOCA(ပဲခူး)