Main menu

အထက်မင်းလှမြို့နယ်၌ မိုးနှမ်းများ စတင်စိုက်ပျိုးလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ မန်းသံပုရာကန်ကျေးရွာအုပ်စုရှိ ရွာတော်ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး ပဲ၊ နှမ်း၊ နေကြာ၊ ဝါသီးနှံများအပြင် အခြားမီးဖိုချောင်သုံးသီးနှံများကို စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

    ရွာတော်ကျေးရွာတွင် မိုးနှမ်းစိုက်ပျိုးသူတောင်သူမှာ (၈)ဦးခန့်ရှိပြီး စိုက်ဧကမှာ (၈၀)ဧကကျော်ရှိကြောင်း သိရပါသည်။ စိုက်သည့်မျိုးမှာ သိပ္ပံနှမ်းနက်မျိုးဖြစ်ပြီး ထွန်ကြောင်းဆွဲ မျိုးစေ့ချစနစ် ဖြင့်စိုက်ပျိုးကာ (၁)ဧကလျှင် မျိုး(၂)ပြည်ခန့် ကုန်ကျကြောင်း၊ မျိုးကို မင်းလှမြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ (၁)ပြည်လျှင် ကျပ် (၁၀၀၀၀)ဖြင့် ဝယ်ယူပါကြောင်း၊ မိမိအနေဖြင့် မိုးနှမ်း(၃)ဧကစိုက်ပျိုးထားကြောင်း၊ ယခင်နှစ်က (၁)ဧက၏ စိုက်ပျိုးမှု ကုန်ကျစရိတ်မှာ ကျပ်(၁၅၀၀၀၀)ခန့်သာ ကုန်ကျခဲ့ပြီး ယခုနှစ်တွင် သွင်းအားစုစရိတ် မြင့်တက်လာ၍ မျိုးဖိုး၊ လုပ်အားခနှင့် မြေပြုပြင်ခအပါအဝင် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၀၀၀၀၀)ကျော်ကုန်ကျပါကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် (၁၀)တင်းမှ (၁၅)တင်းထိထွက်ရှိပြီး ဈေးနှုန်းအနေဖြင့်လည်း နှမ်းပေါ်စအချိန်တွင် (၁)တင်းလျှင် ကျပ်(၁)သိန်း ကျော်ထိ ဈေးရရှိခဲ့၍ နှမ်းစိုက်တောင်သူများအနေဖြင့် အဆင်ပြေခဲ့ပါကြောင်း၊ ထွက်ရှိသည့် နှမ်းများကို အထက်မင်းလှမြို့ရှိ ပွဲရုံများသို့ရောင်းချပါကြောင်း၊ ၂၀၂၄ခုနှစ်၊ ယခုမေလ(စတုတ္ထပတ်)တွင် မိုးနှမ်းကို စတင်စိုက်ပျိုးပြီး (၂)လခွဲခန့်အကြာတွင် ရိတ်သိမ်းမည်ဖြစ်ပါကြောင်း ရွာတော်ကျေးရွာနေ မိုးနှမ်းစိုက် တောင်သူဦးမြင့်ထံမှ သိရှိရပါသည်။

DOCA(မကွေး)