ကုန်သွယ်မှုသတင်းများ
၃.၆.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၃.၆.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်
အာဖရိကနိုင်ငံများမှ သံတမန်များသည် ထိုင်းနိုင်ငံ၌ ၁၀ နှစ်ကြာ သိုလှောင်ထားသော ဆန်များအား ၎င်းတို့နိုင်ငံများသို့ တင်ပို့မည်ဟူသော အစီရင်ခံစာများနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မှု များ မြင့်တက်လာခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီ (Bulog) ၏ မကြာသေးမီက တင်ဒါခေါ်ယူမှုတွင် ဗီယက်နမ်သည် ဆန်ကွဲ ၅% ပါဝင်သော ဆန်ဖြူ တန်ချိန် ၁၅၀၀၀၀ တင်ပို့ရန်အတွက် လေလံ ၆ စောင်ကို အောင်မြင်ခဲ့သည်ဟု ကုန်သွယ်ရေး သတင်းအရင်းအမြစ်များက ပြောဆို ကြောင်း၊ သို့သော် ဗီယက်နမ်၏ ဆန်ဈေးနှုန်းများသည် တင်ဒါရလဒ်ကြေညာမှုမှ အကျိုးအမြတ် ရရှိရန် မျှော်လင့်နိုင်ဖွယ်မရှိကြောင်း S&P Global ဈေးကွက်သုတေသနအဖွဲ့က ဖော်ပြပါသည်။

ထိုင်းနိုင်ငံ၌ ဆီအုန်းဈေးကျဆင်းရသည့် အကြောင်းအရင်းကို ရှာဖွေရန်နှင့် ကြိုတင်ကာကွယ်မှု အစီအမံများကို ရှာဖွေဖော်ဆောင်ရန်အတွက် ဆီအုန်းစိုက်ခင်းများရှိသည့်ဒေသများသို့ သွားရောက်လေ့လာစုံစမ်းရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်တွင်းကုန်သွယ်ရေးဌာနသို့ ညွှန်ကြားထားရှိကြောင်း Bangkok Post သတင်းဌာနက ၂၅-၅-၂၀၂၄ ရက် နေ့တွင် ဖော်ပြပါသည်။
