ကုန်သွယ်မှုသတင်းများ
၄.၆.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်
တရုတ်နိုင်ငံသည် ဩစတြေးလျအမဲသားထုတ်လုပ်သည့် စက်ရုံကြီး ၅ခုမှ တင်သွင်းမှုတားမြစ်ချက်ကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်းနှင့် ထိုလုပ်ဆောင်ချက်သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာမည့်လက္ခဏာဖြစ်ကြောင်း မေလ(၃၀)ရက်နေ့၊ ကြာသပတေးနေ့တွင် ဩစတြေးလျအစိုးရက ပြောကြားခဲ့သည်။

စင်္ကာပူဘဏ်လုပ်ငန်းကုမ္ပဏီကြီး OCBC Group သည် ဟောင်ကောင်နှင့်မကာအိုတို့တွင် ဒေါ်လာ ၁.၅ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၉၂သန်း) ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း ၎င်း၏ ဒစ်ဂျစ်တယ်ပလက်ဖောင်းနှင့် ရုံးခန်းများကို အဆင့်မြှင့်တင်ရန်အတွက် ကြီးထွားလာနေသောဘဏ်လုပ်ငန်းနှင့် ချမ်းသာကြွယ်ဝမှုဆိုင်ရာစီမံခန့်ခွဲမှုနှင့်အခွင့်အလမ်းများကို ပစ်မှတ်ထားနေ ကြောင်း ၎င်း၏ CEO က မေလ ၂၉ရက်နေ့တွင် ပြောကြားခဲ့သည်။

ဩစတြေးလျနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးဗိုင်းရပ်စ်ကူးစက်မှုလက္ခဏာများတွေ့ရှိရသောကြောင့် ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားနယ်မှ ကြက်နှင့်ဥထွက်ပစ္စည်းများတင်ပို့မှုကို အမေရိကန်နိုင်ငံက ကန့်သတ်ထားသည်။

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလမှ မေလအတွင်း ဗီယက်နမ်နိုင်ငံသည် ပြည်ပသို့ အမေရိကန်ဒေါ်လာ ၁၅၆.၇၇ဘီလီယံပမာဏတင်ပို့ခဲ့ပြီး ပြည်တွင်းသို့ အမေရိကန်ဒေါ်လာ ၁၄၈.၇၆ဘီလီယံ ပမာဏတင်သွင်းခဲ့ကာ ကုန်သွယ်ရေးပိုငွေမှာ အမေရိကန်ဒေါ်လာ ၈.၀၁ဘီလီယံရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံအထွေထွေစာရင်းအင်းရုံးက ၂၉-၅-၂၀၂၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ ရာခိုင်နှုန်းအားဖြင့် တင်ပို့မှုပမာဏ ၁၅.၂ရာခိုင်နှုန်းနှင့် တင်သွင်းမှုပမာဏ ၁၈.၂ရာခိုင်နှုန်းသည် လွန်ခဲ့သည့်နှစ် ပထမ(၅)လတာထက်မြင့်တက်ခဲ့ကြောင်းသိရပါသည်။ တင်ပို့မှုပမ
