ကုန်သွယ်မှုသတင်းများ
မေလကုန်၊ ဇွန်လထဲသို့ဝင်ရောက်လာပြီဖြစ်သဖြင့် ဗမာသံပရာသီးများလည်း အနည်းငယ်ပေါများလာပြီဖြစ်ပါသည်။ ယခုအချိန်အခါ၌ မိုးများရွာသွန်းလာသောကြောင့် အလုံးမှာ နွေသံပရာသီးလောက် မသေးဘဲ အရွယ်လည်းကြီး၊ အရည်လည်းရွှမ်းလာပြီး ဈေနှုန်းတန်စွာဝယ်ယူရရှိနေပြီဖြစ်ပါသည်။ ဗမာသံပရာအကြီးတစ်အိတ်လျှင် အလုံးရေ ၁၈၀၀နှုန်းပါဝင်ပြီး တစ်လုံးကို ၁၅၀ကျပ်ဖြင့်ရောင်းချပြီး သံပရာအလတ်တစ်အိတ်လျှင် အလုံးရေ ၂၄၀၀ခန့်ပါဝင်ပြီး တစ်လုံးကို ၇၀ကျပ်ဖြင့်ရောင်းချကြောင်းနှင့် အရမ်းတန်သောဈေးနှုန်းဖြင့် ခြံမှ တိုက်ရိုက်ရောင

ထန်းသီးနုနုများသည် သဘာဝ၏ ဂျယ်လီနှင့်တူပြီး ထန်းသီးမနုမရင့်လေးများကို ကျောက်ကျောထိုးစားလို့ရပါသည်။ ထန်းသီးဆိုသည်မှာ အညိုရောင်ထန်းသီးထဲတွင်ပါသည့် အဆန်လေးများဖြစ်ပါသည်။ ထန်းသီးတစ်လုံးတွင် အဆန်(၃)ခု သို့မဟုတ် (၄)ခုအထိပါရှိပါသည်။ အသီး၏လုံးပတ်သည် ၄လက်မ၊ ၇လက်မလောက်ရှိပြီး ထန်းသီးဆန်၏အခွံမှာ အဝါရောင်သန်း နေတက်ပါသည်။ အဆန်မှာ အဖြူရောင်ဖြစ်ပြီး နုသည့်အဆန်မှာ အကြည်ရောင်ဖြစ်နေတက်ပြီးနူးညံ့ကာ အရည်လည်းရွှမ်းပါသည်။

ပြည်ဈေးကွက်အတွင်း၌ ယခုမေလကုန်တွင် မျှင်ဝါးမှထွက်ရှိသောမျှစ်စပ်များ အဝင်စိပ်လာကာ ဈေးနှုန်းမှာ ပေါ်ခါစ ဧပြီလကုန်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်းသိရပြီး ပြည်ဈေးကွက်သို့ရွှေတောင်၊ ရေနံမြေကြို့ကုန်းဘက်မှ အဓိကဝင်ရောက်လျက်ရှိကြောင်းသိရှိရပါသည်။ ပေါ်ခါစ ဧပြီလကုန်တွင် မျှစ်စပ်(၁၀) ကျပ်သားလျှင် ကျပ်(၂၀၀၀) ခန့်ရှိပြီး ယခုမေလကုန်တွင် (၁၀)သားလျှင်(၁၂၀၀မှ ၁၅၀၀)ခန့်ရှိသည့်အတွက် ပျမ်းမျှကျပ် (၅၀၀)နှုန်းခန့်ကျဆင်းသွားကြောင်း သိရှိရပါသည်။ ယခင်နှစ်တွင် ဖြစ်ပေါ်ခ

ရွှေဘိုမြို့၊အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဇွန်လ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ပန်းသီးတစ်လုံးလျှင် (၈၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ ပန်းသစ်တော်သီး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ မန္တလေးပွဲရုံများမှ မှာယူရောင်းချသည့် ကျွဲကောသီး တစ်လုံးလျှင်(၂၅၀၀)ကျပ်၊ ရွှေသခွားသီး တစ်လုံးလျှင် (၈၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ သခွားမွှေး တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ဒူးရင်းသီး တစ်လုံးလျှင် (၁၁၀၀၀)ကျပ်မှ (၂၁၀၀၀)ကျပ်ထိ၊ မင်းကွတ်သီး တစ်လုံးလျှင် (၃၀၀)ကျပ်မှ (၇၀၀)ကျပ်ထိ၊လိုင်ချီးသီး တစ်ပိဿာလျှင်(၈၅
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ မေလ နောက်ဆုံးပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။
