Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
05 Jun 2024

    ဇရစ်ရိုးပင်များသည် ကျေးရွာများတွင် စိမ့်စမ်းရေများမှဖြစ်ပေါ်လာသော စမ်းချောင်းငယ်များနှင့် စွတ်စိုသောမြေများတွင် ပေါများစွာပေါက်ရောက်ကြောင်းသိရှိရပါသည်။ ယခုမိုးဦးကျအချိန်ကာလဖြစ်သော ဇရစ်ရိုးပေါ်ချိန်တွင် ဇရစ်ရိုးပင်များမှ ဇရစ်ရိုးနုများကို မိသားစုဝင်ငွေရရှိရန်အတွက်ခူးယူပြီး ‌ဈေးများတွင် ပြန်လည်ရောင်းချကြပါသည်။ ဇရစ်ရိုးပင်သည် ဆူးရှိသောအပင်တစ်မျိုးဖြစ်ပါသည်။ အရိုးနှင့် အရွက် (၂)မျိုးလုံးမှာ စား၍ရသည့်အပင်ဖြစ်ပါသည်။ မိုးရာသီတွင် ဇရစ်ရိုးပင်များသည် ပေါများစွာပေါက်ရောက်ပြီး ယခု

05 Jun 2024

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု ၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ကြီးကြပ်ကွပ်ကဲမှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့ပေါ် ရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ အပတ်စဉ်သွားရောက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့

05 Jun 2024

     ပြည်ချင်းပွဲရုံများသို့ ချင်းထွက်ရှိရာဒေသများတွင် မိုးအဆက်မပြတ်ရွာနေသောကြောင့် ချင်းများအဝင်နည်းနေခဲ့ကြောင်းသိရှိရပါသည်။ ပြည်ပွဲရုံများတွင် ချင်းအဝင်နည်းနေသော်လည်း ဈေးနှုန်းမှာ မြင့်တက်မသွားဘဲ ဈေးငြိမ်နေသည်ကိုတွေ့ရပါသည်။ မေလကုန်ဈေးနှုန်းအနေဖြင့် ချင်းတစ်ပိဿာလျှင် အိတ်ဆွဲဈေး ၈၀၀၀ကျပ်ဖြစ်ပြီး သီးသန့်အချောတစ်ပိဿာလျှင် ၁၀၀၀ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရသည်။ အရောင်းအဝယ်မှာ ခရိုင်အတွင်းရှိဈေးများတွင် ဝယ်လက်များနှင့် ဒေသတွင်းလက်လီသမားတို့ အဝယ်များနေသောက

05 Jun 2024

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဥ်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

05 Jun 2024

     ဂန္ဓမာပန်းတွင် မျိုးကွဲပေါင်းများစွာရှိပြီး ပန်းမျိုးများ၏ အပွင့်၏ပုံစံ၊ အရောင်၊ အရွယ်အစားပေါ်မူတည်၍ အမည်အမျိုးမျိုးခေါ်ဝေါ်ကြပါသည်။ ဂန္ဓမာပန်းမျိုးကွဲများစွာအနက် ကြွေဖြူ၊ ကြွေဝါ၊ ပုလဲဖြူမျိုးများကို ပြည်မြို့အတွင်းရှိ မှော်ဇာ၊ တောင်လုံးညိုရွာနှင့် ရွှေတောင်မြို့နယ်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ထွက်ရှိလာသောဂန္ဓမာပန်းများကို ဈေးကွက်အတွင်း ရောင်းချလျက်ရှိရာ ၂၀၂၄ခုနှစ်၊ မေလကုန်တွင် ဂန္ဓမာပန်း (၁၀)ပွင့်စည်း တစ်စည်းလျှင် (၃၅၀၀-၃၀၀၀-၂၀၀၀)ကျပ်ဈေးနှုန်းဖြင့်

Pages