ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သဲကုန်းမြို့နယ်၊ အင်းမမြို့ရှိ၊ တံခွန်တိုင်ရွာတွင် ဗေဒါရိုးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရောင်းချကြောင်းသိရပါသည်။ ထိုလုပ်ငန်းကို နွေရာသီ၌လုပ်ကိုင်ပြီး မိုးရာသီတွင် အလုပ်နားကြောင်းသိရပါသည်။ မိုးရာသီတွင် လုပ်ငန်များနားရခြင်းမှာ နေပူလှန်း၍မရခြင်း၊ မှိုတက်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ ဗေဒါထုတ်ကုန်ပစ္စည်းများထုတ်လုပ်ပုံမှာ ဗေဒါကိုအခြောက်လှမ်းပြီး ဗေဒါအလယ်ရိုးကိုထုတ်ယူ၍ ကြိုးကျစ်ပြီး လိုချင်သောလူအသုံးအဆောင်ပစ္စည်းများကို ပြုလုပ်ကြပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်အတွင်း ပြည်ပဝယ်လက်ရှိသော ပဲသီးနှံများအနက် ယခုနှစ်အတွင်း ပဲတီစိမ်းသီးနှံဈေးအနေဖြင့် ဈေးအေးနေခဲ့သည်ကိုတွေ့ရပါသည်။ ယခုနှစ်၌ အခြားပဲအားလုံးလိုလို ဈေးကောင်းရရှိခဲ့သော်လည်း ပဲတီစိမ်းသီးနှံမှာ ပိဿာ(၂၀)ဝင် တစ်တင်းလျှင် ကျပ်၆၈၀၀၀၀ခန့်ဖြင့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲတီစိမ်းသီးနှံမှာ ဈေးကွက်အတွင်းသို့ ပဲသစ်ဝင်ရောက်ခြင်းမရှိကြောင်း၊ ပဲဝင်ရောက်မှုလည်း နေ့စဉ်မရှိဘဲ လက်ကျန်ပဲတချို့ဖြင့် တစ်ခါတစ်ရံ၌ အိတ် (၂၀၀/၃၀၀) ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ပဲတ

ရွှေဘိုမြို့ပေါ်ရှိ အောင်ဇေယျဈေးတွင် ဆိုင်ခန်းပေါင်း (၁၀၀)ကျော်နှင့် ပျံကျဈေးသည် များအပြင် မိုးကုတ်မြို့သို့ တင်ပို့ရောင်းချသည့် သီးနှံလက်ကားဒိုင်များဖြင့် နေ့စဉ် နံနက် (၆:၀၀)နာရီမှ နေ့လယ် (၁၄:၀၀)နာရီထိ ပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ မေလကုန်တွင် စပါး/ဆန်ဈေးများငြိမ်နေပြီး (၄၆)ပေါင်ပါ တင်း (၁၀၀)လျှင် ၂၀၃၀၀၀၀ကျပ်၊ ဧည့်မထဆန်တစ်အိတ်လျှင် (၇၆၀၀၀-၈၀၀၀၀) ကျပ်ဖြင့် ဧပြီလမှစ၍ ယခုမေလ ဒုတိယပတ်အထိ ဈေးငြိမ်နေပါသည်။ ဧရာဝတီ၊ ပုသိမ်ဘက်မှဝယ်ယူရောင်းချသော ပေါ်ဆန်းဆန်ဈေးနှုန်းများမှာ ၁၆၀၀၀၀ကျပ်မှ ၁၇၂၀၀၀ကျပ်ထိဖြစ်၍ တစ်အိတ်လျှင် ၅၀၀၀ကျပ်ထိဈေးနှုန်းမြင့်တက်ခဲ့ပြီး ပုသိမ်ရိုးနီတစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ ဒေသတွင်းစားသုံးဆန်များဖြစ်သော မှော်ဘီဆန်တစ်အိတ်လျှင်

၂၀၂၄ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း(သစ်) တစ်ပြည် (၆၇၀၀)ကျပ်၊ ဧရာမင်းဆန် (သစ်) တစ်ပြည်လျင် (၆၅၀၀)ကျပ်၊ရွှေဝါထွန်း တစ်ပြည် (၄၆၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၅၈၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။