ကုန်သွယ်မှုသတင်းများ
ဟင်းသီးဟင်းရွက်သစ်သီးဝလံဈေးကွက်တွင် မိုးဦးကျရာသီ၌ထွက်ပေါ်သော ရာသီစာတစ်မျိုးဖြစ်သည့် အင်ဥများ မေလကုန်ပိုင်းမှစ၍ ဈေးကွက်အတွင်း အနည်းငယ်ရောင်းချမှုရှိလာပါသည်။ အင်ဥသည် အင်ပင်မှကြွေကျထားသော အရွက်များအောက်တွင်ပေါက်ရောက်သော ဥတစ်မျိုးဖြစ်သောကြောင့် အင်ဥဟုခေါ်ဆိုကြခြင်းဖြစ်ပါသည်။ တချို့ဒေသများတွင်မူ မှိုဥ၊ မှိုလုံးဟုခေါ်ဆိုကြပြီး မိုးဦးကျရာသီ အင်ပင်များ၏အောက် မြေကြီးအက်ကွဲနေသောနေရာများတွင် ဓား/ ဝါးချွန်များဖြင့်ယက်ဖြဲ၍ ရှာဖွေကြရပါသည်။ အင်ဥမှာ မြန်မာနိုင်ငံတွင်သာမက ပြင်သစ်၊ အ

၂၀၂၄ခုနှစ်၊ မေလတွင် ပြည်တွင်းစားသုံးမှုများသော ပဲအများစု၏ ဈေးနှုန်းများမှာ ပြည်ပဝယ်လိုအားကောင်းသော ပဲများထက်ပင် ဈေးကောင်းရနေသည်ကိုတွေ့ရပါသည်။ အဆိုပါပဲများမှာ ထောပတ်ပဲ၊ ပဲနီပြား၊ စားတော်ပဲသီးနှံများဖြစ်ကြပါသည်။ ပြည်ခရိုင်အတွင်း အဆိုပါပဲများမှာ စိုက်ပျိုးမှုလည်းနည်းပြီး ထွက်ရှိမှုလည်းနည်းခဲ့သောကြောင့် ဈေးကွက်၌ ပဲပေါ်ချိန်၊ အထွက်လှိုင်ချိန်များတွင်သာ လက်လီ/ လက်ကားအရောင်းအဝယ်ဖြစ်ပြီး ယခုကဲ့သို့ အဝင်ပါးချိန်တွင် လှောင်ပဲလက်ကျန်များဖြင့် လက်လီသမားများ နေ့စဉ်အဝယ်ရှိကြသည့် ပ

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စုတွင် ကျောက်ဖရုံသီးစိုက်ပျိုးပြီး ဝင်ငွေများရရှိလျက်ရှိပါသည်။ မီးလောင်အုပ်စုတွင် ကျောက်ဖရုံသီးစိုက်ပျိုးသူ (၈)ဦးရှိပြီး ၂၀၂၄ခုနှစ်၊ မေလတွင် ကျောက်ဖရုံစင်တစ်စင်လျှင် ကုန်ကျစရိတ်အနေဖြင့် ၅၀၀၀၀၀ကျပ်ခန့်ကုန်ကျကြောင်းသိရပါသည်။ ကျောက်ဖရုံသီးပေါ်ချိန်တွင် စင်တစ်စင်လျှင် တစ်လ (၄)ကြိမ်ခူးဆွတ်ရပြီး၊ အနည်းဆုံး (၃)လအထိခူးဆွတ်ရပါသည်။ တစ်ကြိမ်လျှင် အလုံးပေါင်း(၅၀)ခန့်ခူးဆွတ်ရပါသည်။ ၂၀၂၄ခုနှစ်၊ မေလတွင် ရောင်းဈေးအနေဖြင့် တစ်လုံးလျှင် အနည်း

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်၌ နေ့စဉ် ပဲကြော်ဖိုလုပ်ငန်းသမားများဖြင့် အရောင်းအဝယ်ဖြစ်နေသောပဲသီးနှံမှာ ပဲကြီးသီးနှံဖြစ်ပြီး ပဲလက်ကျန်များမှာ နေ့စဉ်အရောင်းအဝယ် ဖြစ်နေခဲ့ပါသည်။ ၂၀၂၄ခုနှစ်၊ မေလတွင် ဒေသတွင်းပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကဝယ်ယူမှုရှိကာ တစ်ရက်လျှင် အိတ် (၂၀၀/၃၀၀)_ ကျော်ရောင်းဝယ်မှုဖြစ်ခဲ့ပြီး ပဲဈေးမှာ (ရွှေကျွန်း) တစ်တင်းလျှင် ၉၂၀၀၀ကျပ်၊ (ကမ်းနား) တစ်တင်းလျှင် ၈၅၀၀၀ကျပ်ဖြင့်ရောင်းဝယ်နေခဲ့ကြပါသည်။ ယခင်နှစ်တွင် ပဲကြီးသီးနှံသည် မတ်ပဲသီးနှံထက်ပင် ဈ

ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ဘိုကိတ်ပဲသီးနှံမှာ လက်လီ/ လက်ကား နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။ တစ်ရက်လျှင် အိတ် (၃၀/၄၀) ကျော် ဒေသတွင်းလက်လီသမားများဝယ်ယူမှုရှိကြပြီး ရန်ကုန်ဝယ်လက်များလည်း အဝယ်ရှိခဲ့သောကြောင့် လက်ကားရောင်းဝယ်မှုအနေဖြင့် တစ်ရက်လျှင် အိတ်၁၀၀ကျော်အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ၂၀၂၄ခုနှစ်၊ မေလကုန်တွင် ပဲဈေးမှာ တစ်တင်းလျှင် ၇၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသည့်အတွက် ယခင်နှစ် ကာလတူချိန်၌ ရရှိခဲ့သောဈေးနှုန်းထက် ဈေးပိုရလာခဲ့ပါသည်။ ယခင်နှစ်တွင် ဘိုကိတ်ပဲသီးနှံ
